ပရိသတ်တွေ ဆီက မပြောင်းလဲ တဲ့ ချစ်ခြင်း မေတ္တာကို နှစ်ရှည်လ များ ခံယူနိုင် ခဲ့တဲ့ အဓိကလျှို့ဝှက်ချက်ကို ဖွင့်ဟပြောပြလာတဲ့ ထက်ထက်မိုးဦး

မြန်မာနိုင်ငံရဲ့ဒိတ်ဒိတ်ကြဲမင်းသမီးတွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်တဲ့ ထက်ထက်မိုးဦးကတော့ ပရိသတ်တွေရဲ့ချစ်ခြင်းမေတ္တာတွေကို ပိုင်ဆိုင်ထားတာ ဖြစ်ပါတယ် ။ အရင်ကတည်းက အနုပညာလောကမှာ အောင်မြင်မှုသရဖူဆောင်းခဲ့တဲ့ ထက်ထက်မိုးဦးက ယနေ့အချိန်အထိတိုင်အောင် နာမည်ကျော်ကြားနေဆဲ ဖြစ်ပါတယ် ။ လက်ရှိမှာလည်း ထက်ထက်မိုးဦးက အနုပညာလောကမှာဆက်လက်ရပ်တည်ပြီး အောင်မြင်နေတာ ဖြစ်ပါတယ် ။


ယခုကိုဗစ်ကာလမှာတော့ မထက်ဟာ သိန်းထောင်နဲ့ချီတန် ကျောက်မျက်ရတနာ ကားနဲ့ အိမ်ခြံမြေတွေကိုပါ Online ကတဆင့် ရောင်းချပေးနိုင်ခဲ့တာဖြစ်ပြီး ဒီကနေ့မှာတော့ ထက်ထက်မိုးဦးက သူမအနေနဲ့ ပရိသတ်တွေရဲ့ ချစ်ခြင်းမေတ္တာကို နှစ်ရှည်လများ ခံယူနိုင်ခဲ့တဲ့ အဓိကလျှို့ဝှက်ချက်ကို အခုလိုပဲ ပြောပြလာပါတယ်။


“အောင်မြင်ဖို့ လူသိအောင်လုပ်ဖို့ ကြိုးစားဖို့ လွယ်ပါတယ်။ အချစ်ခံရဖို့ ရေရှည်ခံဖို့မလွယ်တာကြောင့် တစ်ဦးမေတ္တာ တစ်ဦးမှာဆိုသလို အားလုံး အပေါ် မေတ္တာပဲထားပါတယ်။ အားလုံး အပေါ် မေတ္တာတွေပဲပေးပါတယ်” ဆိုပြီး အောင်မြင်ခြင်းရဲ့ သော့ချက်ကို ပြောပြလာပါတယ်။


နှစ်တွေအကြာကြီးတိုင် ပရိသတ်တွေရဲ့ အချစ်ကို စွဲစွဲမြဲမြဲရရှိဖို့ဆိုတာ တော်ရုံလူအတွက် မလွယ်တဲ့ကိစ္စပါပဲ။ ထက်ထက်မိုးဦးတစ်ယောက် ပရိသတ်တွေရဲ့အချစ်ကို ဒီထက်မက ရရှိပိုင်ဆိုင်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Writer – Magic(Shwe Yaung Myanmar)