မိဘတွေအပေါ်သိတတ်လိမ္မာလွန်းတဲ့ သူငယ်ချင်းဖြစ်သူမြင့်မြတ်ရဲ့အကြောင်းစုံကိုဖွင့်ဟပြောပြလာတဲ့ သရုပ်ဆောင် ဂျူးဂျူးပန်ထွာ

ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။


မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ယမန်နေ့ကတော့ မြင့်မြတ်ရဲ့ဖခင် ဦးမြင့်ကျော်က သူဖုန်းခေါ်ရင် မြင့်မြတ်အနေနဲဲ့ဖုန်းကိုင်စေချင်တဲ့အကြောင်း မီဒီယာကတဆင့် ပြောကြားခဲ့တာကြောင့်မြင့်မြတ်အနေနဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်


ယနေ့မှာတော့  သရုပ်ဆောင်  ဂျူးဂျူးပန်ထွာက သူမရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ  မိဘတွေအပေါ်သိတတ်လိမ္မာလွန်းတဲ့သူငယ်ချင်းဖြစ်သူမြင့်မြတ်ရဲ့အကြောင်းစုံကို  အခုလိုပဲ ဖွင့်ဟပြောပြလာတာပဲ  ဖြစ်ပါတယ်။ ” မင်းသားမဖြစ်ခင်ကတည်းက သူငယ်ချင်းတွေ ။ ကိုယ့်ထက်အသက်ကြီးပေမယ့် မောင်နှမအရင်းလိုနေလာခဲ့တော့ အကြောင်းသိတွေ ။ မြင့်မြတ်တို့ မြောက်ဒဂုံမှာ အိမ်ပိုင်နဲ့ နေနိုင်တာတောင်မကြာသေးဘူး။ အရမ်းကြိုးစားပြီး အရမ်းရိုးသားတဲ့ ဇနီးမောင်နံ မိသားစုကိုလည်း သိတတ်လိုက်တာ။


ကိုယ်ဘာလို့သိလည်း သူတို့နဲ့ ၆ လလောက်တစ်အိမ်ထဲ မိသားစုလို နေခဲ့လို့သိတာ ။ အရင်ထဲက ရွာမမှာ အခွေဆိုင်ဖွင့်ဖျက်ပြီး စတိုးဆိုင်ထပ်ဖွင့်ပေးထားတာ အင်းစိန် ရွာမမှာနေတဲ့လူတိုင်းသိပါတယ်ဦးလေးက Taxi မောင်းတယ် ။နောက်ပိုင်းမင်းသားဖြစ်လာတော့ မိဘကို ကွန်ဒိုတွေ ကားတွေ ဝယ်ပေးတယ် မောင်းနေတဲ့ Taxi ကိုလည်း ဝယ်ပေးထားတယ် မမောင်းဖို့ ပြောပေမယ့်မရတော့ မိဘ စိတ်ချမ်းသာပါစေဆို လွှတ်ပေးထားတယ် ခုလိုဖြစ်လာမှာကိုလည်း ကြိုသိပြီးသားပါ ။


တစ်ကယ် ပေးဆပ်ခဲ့တဲ့ သားသမီးကောင်းတွေပါ။ မိသားစုဝင်လိုဖြစ်နေလို့ အားလုံးသိနေတာပါ။ Fighting မျိုးမင်းဟိန်း ခင်သူအောင် တစ်နေ့ ဒီလိုဖြစ်လာလိမ့်မယ်ထင်သားပါ။ တစ်လ သိန်း ၃၀ ပေးပြီးတဲ့ အပြင်ဝယ်ပေးထားတဲ့ တိုက်ခန်းတွေ ကွန်ဒိုတွေ ကားတွေ လည်းရှိပါတယ်။ မိဘကို သိန်းထောင်ချီတွေလည်း ပေးနေတာပါ။


လိုအပ်မှ ဝင်ပြောပေးတော့မယ်ဟာ fighting သူငယ်ချင်းတို့ ဘာပဲဖြစ်ဖြစ် နင်တို့နှစ်ယောက်လုံး သားသမီးကောင်းတွေပါ ဘယ်သူမှ မသိချင်ယောင်ဆောင်နေကြရင်တောင်ဘုရားသိပါတယ် Fighting နော် ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပြီး ပရိသတ်တွေအတွက် ဒီသတင်းလေးကို တစ်ဆင့် ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။

Writer – Magic(Shwe Yaung Myanmar)