မြင့်မြတ်ကို ဝေဖန်နေသူတွေကို “မြင့်မြတ်ကိုမထိနဲ့ “လို့ ပြင်းထန်စွာ သတိပေးလာခဲ့တဲ့ဇော်ဇော်အောင်

ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။


မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ယမန်နေ့ကတော့ မြင့်မြတ်ရဲ့ဖခင် ဦးမြင့်ကျော်က သူဖုန်းခေါ်ရင် မြင့်မြတ်အနေနဲဲ့ဖုန်းကိုင်စေချင်တဲ့အကြောင်း မီဒီယာကတဆင့် ပြောကြားခဲ့တာကြောင့်မြင့်မြတ်အနေနဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်



မကြာခင်ကတော့ ဇော်ဇော်အောင်ဟာ လတ်တလောလူပြောများနေတဲ့ မြင့်မြတ်ရဲ့ကိစ္စနဲ့ပက်သက်ပြီး ပြောလာခဲ့တာဖြစ်ပါတယ်နော်…..။ဇော်ဇော်အောင်ဟာ သူ့ရဲ့Facebookစာမျက်နှာမှာ “မြင့်မြတ်အကြောင်းမသိပဲမထိနဲ့
ရုပ်ရှင်တလောကလုံး မြင့်မြတ်ဘက်မှာရှိတယ်…..” ဆိုပြီး ပွင့်ပွင့်လင်းလင်း ရေးသားလာခဲ့တာဖြစ်ပါတယ်။ စိတ်သဘောကောင်းတဲ့ မင်းသားဖြစ်တာကြောင့် အနုပညာရှင်တွေလည်း ခံစားချက်တွေကိုပြောကြားလာကြတာဖြစ်ပါတယ်။


ဇော်ဇော်အောင်ကတော့ မြင့်မြတ်ကို ဝေဖန်နေသူတွေကို ပြင်းထန်စွာ သတိပေးလာခဲ့တာပဲဲဖြစ်ပါတယ်နော်
ကဲ…..ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

Writer – Magic(Shwe Yaung Myanmar)