မြင့်မြတ်ရဲ့ အဖေနဲ့ရောအမေနဲ့ပါ ရင်းနှီးတာကြောင့် သူတို့မိသားစုအကြောင်းကို သေချာသိပြီး မြင့်မြတ်ရဲ့ စိတ်ဓာတ်အမှန်ကို ဖွင့်ဟ​လိုက်တဲ့ လမင်းကဗျာ

မင်းသားချောမြင့်မြတ်ကတော့ အောင်မြင်လျက်ရှိနေတဲ့ ထိပ်တန်းအနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး အနုပညာလောကမှာ နေရာတစ်ခုကိုရယူထားနိုင်ကာ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားနိုင်သူတစ်ယောက်ပဲဖြစ်ပါတယ်။


ရုပ်ရှင်ဇာတ်ကာကြီးတွေကို ရိုက်ကူးခဲ့ပြီး အကယ်ဒမီဆုတွေကို သိမ်းပိုက်ထားနိုင်ခဲ့တဲ့ မြင့်မြတ်ကတော့ ကြည်နူးစရာကောင်းတဲ့ မိသားစုဘဝလေးကို တည်ဆောက်ထားနိုင်ခဲ့ပြီး ချစ်စရာကောင်းတဲ့ သားလေးတစ်ယောက်ကို ပိုင်ဆိုင်ထားခဲ့တာပဲဖြစ်ပါတယ်။ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုကို အခိုင်အမာရယူထားနိုင်ခဲ့တဲ့ မင်းသားချောလေးမြင့်မြတ်ကတော့ လက်ရှိမှာ ဝေဖန်မှုတွေနဲ့ အနည်းငယ်ရင်ဆိုင်နေခဲ့ရပြီး အနုပညာရှင်တွေများစွာက သူရဲ့ စိတ်ဓာတ်အမှန်ကို ဝေဖန်နေတဲ့ ပရိသတ်တွေသိအောင် သေသေချာချာလေးရှင်းပြလာခဲ့ပါတယ်။


ယခုမှာတော့ လမင်းကဗျာတစ်ယောက် မြင့်မြတ်ရဲ့ အဖေနဲ့ရောအမေနဲ့ပါရင်းနှီးတဲ့အပြင် သူတို့မိသားစုအကြောင်းကိုပါသေသေချာချာသိတာပြီး မြင့်မြတ်ရဲ့ စိတ်ဓာတ်အမှန်ကို ဖွင့်ဟပြောပြလိုက်ပါတယ်။


သူမကတော့ ” ကျွန်မတို့အကိုက စိတ်ထားအရမ်းဖြူတဲ့ သူပါ သူ့အဖေ သူ့အမေနဲ့လဲ ခင်ပါတယ် ဟိုးးးတုန်းထဲက သူတို့အကြောင်းတွေ သိပါတယ်ရှင့် ကိုမြင့်မြတ်မှာ အဲ့လိုစိတ်ဓါတ်မျိုးမရှိပါဘူး သူစိမ်းတွေ အပေါ်မှာတောင်အရမ်းကောင်းတဲ့ သူပါရှင့် သူ့အပေါ်မှာ အထင်မလွဲကြပါနဲ့ နော် ဖိုက်တင်းကိုကြီးရေပီးတော့ အကိုက ဂိမ်းအရမ်းဆော့တာ အဲ့ဒါကြောင့်လဲ ဖြစ်နိုင်တယ် ဂိမ်းကိုကိုတွေ သိတယ်ဟုတ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

Writer – Magic (Shwe Yaung Myanmar)