ကမ္ဘာကျော် Kpop အဖွဲ့တွေနဲ့အပြိုင် iTunes Top 100 K-Pop Songs မှာ နေရာယူထားနိုင်တဲ့ စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့ “Red Light”

ကမ္ဘာကျော် 2ne1 အဖွဲ့ဝင်ဟောင်း Park Bom နဲ့ မြန်မာထိပ်တန်းအဆိုတော် စိုင်းစိုင်းခမ်းလှိုင်တို့ရဲ့ “Red Light” သီချင်းကတော့ မနေ့က ဒီဇင်ဘာလ (၂၁) ရက်နေ့မှာ ထွက်ရှိလာခဲ့ပြီပဲ ဖြစ်ပါတယ်။ “Red Light” သီချင်းကတော့ Park Bom ကို မျှော်နေကြတဲ့ ပရိသတ်တွေရော၊ စိုင်းစိုင်းခမ်းလှိုင်ရဲ့ သီချင်းသစ်ကို စောင့်နေကြတဲ့ ပရိသတ်တွေအတွက် တော်တော်လေး ကျေနပ်စေခဲ့တာပဲ ဖြစ်ပါတယ်။


စိုင်းစိုင်းခမ်းလှိုင်ကလည်း ကမ္ဘာကျော်အဆိုတော်တစ်ယောက်နဲ့ ပူးပေါင်းအလုပ်လုပ်ခဲ့တဲ့အပေါ် တော်တော်လေး စေ့စေ့စပ်စပ်နဲ့ အသေးစိတ်ကအစ အကောင်းဆုံးဖန်တီးနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ပရိသတ်တွေရဲ့ စိတ်ကျေနပ်မှုကိုရရှိခဲ့တဲ့ “Red Light” သီချင်းကတော့ iTunes Top 100 K-Pop Songs မှာ နံပါတ် (၁၂) နေရာမှာ ဦးဆောင်နေပြီး “Red Light” သီချင်းနဲ့အပြိုင် BTS ရဲ့ Dynamite၊ TWICE ရဲ့ CRY FOR ME၊ BLACKPINK ရဲ့ How You Like That သီချင်းတွေကတော့ အသီးသီးအပြိုင်နေရာယူထားနိုင်တာကို တွေ့ရပါတယ်။


“Red Light” သီချင်းကတော့ စထွက်ထွက်ချင်း (၂၄) နာရီအတွင်းမှာ အခုလို အောင်မြင်ခဲ့တာ တကယ့်ကို ဝမ်းသာဂုဏ်ယူစရာပါပဲ။“Red Light” သီချင်းကတော့ မနက်ဖြန် ဒီဇင်ဘာလ (၂၃) ရက်နေ့မှာလည်း Myanma + Korea Version အနေနဲ့ ထွက်ရှိလို့လာဦးမှာ ဖြစ်ပါတယ်။


ပရိသတ်ကြီးရော စိုင်းစိုင်းခမ်းလှိုင်နဲ့ Park Bom ရဲ့ “Red Light” သီချင်းအပေါ် ကျေနပ်အားရမှုရှိကြမယ် ထင်ပါတယ်။