MRTV-4 ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင် တော့မယ့်အကြောင်း ပရိသတ်ကို အသိပေးလာတဲ့ ငြိမ်းမြတ်သူ

ငြိမ်းမြတ်သူကတော့ Facebook ဆယ်လီတစ်ဦဖြစ်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်ခံရမှုအများအပြားရှိခဲ့သူတစ်ဦးပါ ခြိမ့်ကေကိုနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Music Video အပြီးမှာ တဟုန်ထိုး နာမည်ကြီး လာခဲ့တာဖြစ်ပါတယ်


သူမဟာ ယခုလို ကိုဗစ်ကာလမှာတော့ သူလုပ်ကိုင်လျက်ရှိတဲ့ အလုပ်တွေကို မရပ်နားပဲ ဆက်လက်လုပ်ကိုင်နေသူ တစ်ယောက်ပါ။ကြော်ငြာတွေရိုက် photo model လုပ်ရင်း သူမကိုချစ်ခင်အားပေးတဲ့သူတွေကို သူမရဲ့ နေ့စဉ်လှုပ်ရှားမှု ပုံရိပ်လေးတွေကိုလည်း မျှဝေလေ့ရှိပါတယ်။


ဒါ့အပြင် ယခုအခါမှာလည်း ငြိမ်းမြတ်သူ ဟာ MRTV-4 ရဲ့ ဇာတ်လမ်းတွဲမှာ ပါဝင် သရုပ်ဆောင်တော့မည်ဖြစ်ကြောင်း သူမရဲ့ လူမှုကွန်ရက်မှာ မျှဝေလာခဲ့ပါတယ်။


သူမကတော့ ” MRTV 4 ဇက်လန်းတွဲမှာ မကြာခင်တွေ့ရတော့မယ့် တက်သစ်စ အနုပညာရှင်လေးက ? ” ဆိုပြီး မျှဝေလာတာပဲ ဖြစ်ပါတယ်။ဝေဖန်သူတွေကတော့ အမြဲလိုလို သူ့ရဲ့ မန့် အောက်မှာ ဝေဖန်နေကြပြီး share များဖြင့်လည်း မှတ်ချက်တွေ အပေးခံနေရပါတယ်


ငြိမ်းမြတ်သူကတော့ ဝေဖန်တိုက်ခိုက်ခံရမှုတွေရှိနေပေမယ့် ယခုအခါမှာတော့ MRTV 4 ဇာတ်လမ်းတွဲမှာ ပါဝင်သရုပ်ဆောင်ရတဲ့အထိ အောင်မြင်လာခဲ့ပြီပဲဖြစ်ပါတယ် ပရိသတ်ကြီးရဲ့အမြင်ကိုလည်း မျှဝေခဲ့ကြပါအုန်းနော်

Credit Magic(Shwe Yaung Myanmar)