လက်ရှိထွက်ပေါ်နေတဲ့ သတင်းတွေထက် မြင့်မြတ်ဘက်ကနေပဲ အပြည့်အဝ ရပ်တည်တယ်လို့ ဆိုလာတဲ့ သန္တာဗိုလ် ❤️

ပရိသတ်ကြီးရေ သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။ သူဟာကျရာဇာတ်ရုပ်ကိုလည်း အပီအပြင်သရုပ်ဆောင်နိုင်တဲ့သူလေးဖြစ်ပြီး အကယ်ဒမီထူးချွန်ဆုကြီးကိုလည်း ရရှိထားသူတစ်ယောက်ပါနော်။

မြင့်မြတ်ဟာ အနုပညာလောကမှာလည်း နှစ်ပေါင်းအတော်ကြာ ရပ်တည်အောင်မြင်နေတာလည်းဖြစ်ပြီး ဒိတ်ဒိတ်ကြဲမင်းသားတစ်ယောက်ဆိုလည်း မမှားပါဘူး။ယမန်နေ့ကတော့ မြင့်မြတ်ရဲ့ဖခင် ဦးမြင့်ကျော်က သူဖုန်းခေါ်ရင် မြင့်မြတ်အနေနဲဲ့ဖုန်းကိုင်စေချင်တဲ့အကြောင်း မီဒီယာကတဆင့် ပြောကြားခဲ့တာကြောင့်မြင့်မြတ်အနေနဲ့ ဝေဖန်မှုတွေနဲ့ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်

ဒီနေ့မှာတော့ သန္တာဗိုလ်က မင်းသားမြင့်မြတ်ရဲ့ သတင်းတွေကြားသိပြီးနောက်မှာ မင်းသားမြင့်မြတ်ဘက်ကနေပဲ ရပ်တည်ကာ သတင်းတွေ မဟုတ်ကြောင်းကို “We Stand with you Ko Myint Myat ✌🏼” ဆိုပြီး သူမရဲ့ လူမှုကွန်ရက်စာမျက်နှာပေါ်မှာ တင်လာခဲ့ပါတယ်.။

သန္တာဗိုလ်ကတော့ ပွင့်လင်းမှုအပြည့်နဲ့ မင်းသားမြင့်မြတ်ဘက်ကနေ ပါဝင်ပြောဆိုလိုက်တာပါပဲနော်.။ အဆုံးထိဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်