စိတ်ဓာတ်တော်တော်ကျခဲ့လို့ ဆရာဝန်နဲ့တောင် ပြခဲ့ရတယ်လို့ ဆိုလာတဲ့ ဝိုင်းစုခိုင်သိန်း

ပရိသတ်ကြီးရေ….. ဂီတလောကမှာဆယ်စုနှစ်များစွာတိုင်ရပ်တည်အောင်မြင်နေပြီး သီချင်းအေး အေး လေး တွေကို အသံချိုချိုလေးနဲ့ ပရိတ်သတ်ရင်ထဲရောက်အောင်သီဆိုတတ်တဲ့ အဆိုတော် မလေးဝိုင်းစုခိုင်သိန်းကိုသိကြမယ်ထင်ပါတယ်နော်။

သူမဟာဂီတလောကမှာသာမကသရုပ်ဆောင်တစ်ယောက်အနေနဲ့ပါဗီဒီယိုဇာတ်ကားများရိုက်ကူးအောင်မြင်ခဲ့တဲ့သူတစ်ယောက် ဖြစ်ပါတယ်နော်။ယခုရက်ပိုင်း မီဒီယာ တွေ့ဆုံမှုတစ်ခုမှာတော့ ဝိုင်းစုခိုင်သိန်းက သူမအနေနဲ့ စိတ်ဓာတ်အကြီးအကျယ်ခဲ့ဖူးတာကြောင့် ဆရာဝန်နဲ့ ဆေးကုသမှုခံယူဖူးတဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်


ဒီနှစ်ကတခါမှ ဘဝမှာ မဖြတ်သန်းဖူးသေးတဲ့ Life ပေါ့နော် အိမ်မှာပဲနေရတယ် ဒီလိုကြီးအိမ်မှာပဲ ခြေချုပ်မိပြီးတခါမှ မနေဖူးဘူးပေါ့နော် ဘာမှမလုပ်ရပဲနဲ့ ကိုယ်ကနဂိုတည်းက ဂနာမငြိမ်ဘူးဆိုတော့လေ ဟိုလုပ်ဒီလုပ်လုပ်တော့သူဆိုတော့လေ ဒါကကိုယ့်အတွက်အခက်ခဲဆုံးကာလပေါ့နော် အဲ့ဒီအချိန်မှာ စိတ်ဓာတ်ကျတာတွေရှိတယ်


ကိုယ့်ဟာကိုယ် စိတ်ပြန်တက်ကြွအောင်နေအဲ့လိုမျိုးတွေပေါ့နော် အခုကတော့ အားလုံးပြီးပြီလို့ ထင်ပါတယ် ဝိုင်းစု ဆုံးဖြတ်ချက်ချပြီးတော့ ကြားထဲမှာ အစားတွေစားတယ် ဝတယ် အခု ဝိတ်ပြန်ချနေတယ် အရင်လို တက်တက်ကြွကြွနဲ့ ပြန်နေမယ်လို့ ဝိုင်းစု ဆုံးဖြတ်ချက် ချထားတယ်


Depression ကတော့ ဝင်နေကျပါပဲ ဝိုင်းစုက အရမ်းအလုပ်လုပ်နေရင်းနဲ့ကို ဆိုက်ကိုဖောက်ပြီး Depression ဝင်တယ် အိပ်ဆေးတွေသောက်ရတယ် ဆရာဝန်သေချာပြပြီးတော့ကို သုံးလေးခေါက်လောက်ဖြစ်ဖူးတယ် လုံးဝမအိပ်ဘူး နှလုံးတွေတောက်လျှောက်ခုန်တယ်ဝိုင်းစုက နှလုံးရောဂါဖြစ်တယ်ထင်လို့ မဟုတ်ဘူး Depression ဝင်ပြီးတော့ ဖြစ်တဲ့ဟာတွေ ဝိုင်းစုအရှေ့မှာ ဖြစ်ပြီးသွားပြီ အဲ့တော့ ဘယ်ချိန်မှာဘာဖြစ်တယ်ဆိုတာ ဝိုင်းစုက ကိုယ့်ဟာကိုယ်နေတတ်သွားပြီပေါ့နော် စိတ်ညစ်လာလို့ရှိရင် တခြားဟာတခုခု ပြောင်းလုပ်လိုက်တယ် ” လို့ဆိုလာခဲ့တာဖြစ်ပါတယ်


ဝိုင်းစုကတော့ စိတ်ဓာတ်ကျခဲ့တဲ့အတွက် ဆရာဝန်နဲ့ပါပြခဲ့ရတဲ့ အကြောင်းပြန်ပြောင်းပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်။အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်။

Writer – Magic (Shwe Yaung Myanmar)