MRTV 4 ဇာတ်လမ်းတွဲတွေမှာပါဝင်သရုပ်ဆောင်တော့မယ်ဆိုတဲ့ သတင်းတွေအပေါ် ပြန်လည်ဖြေရှင်းလာတဲဲ့ ငြိမ်းမြတ်သူ

ငြိမ်းမြတ်သူကတော့ Facebook ဆယ်လီတစ်ဦဖြစ်ပြီး ပရိသတ်တွေကြားမှာ ဝေဖန်ခံရမှုအများအပြားရှိခဲ့သူတစ်ဦးပါ ခြိမ့်ကေကိုနဲ့ တွဲဖက်သရုပ်ဆောင်ခဲ့တဲ့ Music Video အပြီးမှာ တဟုန်ထိုး နာမည်ကြီး လာခဲ့တာဖြစ်ပါတယ်

ယမန်နေ့ကတော့ ငြိမ်းမြတ်သူတစ်ယောက် MRTV 4 မှာပါဝင်သရုပ်ဆောင်မယ်ဆိုတဲ့သတင်းတွေ ကျယ်ပြန့်စွာထွက်ပေါ်လာခဲ့တာဖြစ်ပြီး ပရိသတ်တွေအကြား လူမှုကွန်ယက်မှာ ပွဲဆူမူတွေဖြစ်ပွားခဲ့ရတာပါ ယနေ့မှာတော့ ငြိမ်းမြတ်သူက ဒီသတင်းနဲ့ပတ်သတ်ပြီး ဖြေရှင်းမှုတွေ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်

ငြိမ်းမြတ်သူက ” MRTV-4နဲ့ဇာတ်လမ်းရိုက် မယ်ဆိုတဲ့သတင်းကအမှားပါ အမှန်မဟုတ်ပါဘူး ငြိမ်းကဆံပင်ဆိုင်မှာ ကိုယ်အားပေးနေတဲ့ကိုကြီးဘုန်းရှိန်ခန့်နဲ့တွေ့လို့ ဓာတ်ပုံ ရိုက်ပြီးငြိမ်းAccမှာတင်ထားတာပါအဲ့တာကို အခြားသူတွေကမဟုတ်တာတွေရေးပြီးတင်ထားတာပါ အဲ့အတွက်ငြိမ်းကကိုကြီးဘုန်းရှိန်ခန့်နဲ့MRTV-4ကိုတောင်းပန်ပါတယ်ရှင်”

#ငြိမ်းမြတ်သူဆိုတဲ့ Pageအတုကတင်ထားတာပါ Nyein Myat Thu ဆိုတိုင်း ငြိမ်းတင်တယ်လို့ မထင်ကြပါနဲ့နော် page အတုတွေ အကောင့်တုတွေ အများကြီးပါရှင် ချင့်ချိန်ပီး ယုံပေးကြပါနော် မေတ္တာရပ်ခံပါတယ် ”လို့ ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်နော်

ငြိမ်းမြတ်သူကတော့ page အတု ကြောင့် ဝေဖန်တိုက်ခိုက်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးခဲ့ကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)