ချစ်ခင်ပွန်းရဲ့ မိဘတွေကြောင့် သာယာပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့အကြောင်း ပြောပြလာတဲ့ ဇင်ဇင်ဇော်မြင့်

မင်းသမီးချောလေးဇင်ဇင်ဇော်မြင့်ကတော့ ပရိသတ်တွေရဲ့ ချစ်ခင်အားပေးမှုကို အခိုင်အမာရယူထားပြီး အနုပညာလောကမှာ နာမည်တစ်လုံးနဲ့ ရပ်တည်ထားနိုင်ခဲ့တာပဲဖြစ်ပါတယ်။ ပရိသတ်တွေအချစ်ပိုရတဲ့ သူမကတော့ ဖော်ဖော်ရွေရွေရှိပြီး ချစ်စရာအပြုံးလေးတွေကို ပိုင်ဆိုင်ထားသူလေးပဲဖြစ်ပါတယ်။ ယနေ့မှာတော့ဇင်ဇင်ဇော်မြင့်က ချစ်ခင်ပွန်းရဲ့ မိဘတွေကြောင့် သာယာပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်


“မိသားစု .. မိသားစု ဆိုတဲ့စကားလေးက အရမ်းမေလေးအတွက်တန်ဖိုးထားမြတ်နိုးလွန်းရပါတယ် .အောင်မြင်ချိန်ပျော်ရွှင်ချိန် တင်မက ပဲ ကျဆုံးချိန် အဆင်မပြေချိန်ဖိအားများချိန်တွေ မှာမေတ္တာတွေပေးပြီး အေးအတူပူအမျှ ရင်ဆိုင်ပြီးအားပေးပြီး အတူ ရင်ဆိုငိကာ အမြဲ အားပေးပြီးအတူ အနစ်နာခံရှိပေးတာ မိသားစုပါ .


၂၀၁၄ ထဲ က မေလေးရဲ့သက်ရှိဘုရားအမေနဲ့ အဖေ ရှေ့နောက်ဆုံးသွားချိန် က ရော အဲ့အချိနိ မတိုင်ခင်ထဲကရော အမြဲ မိသားစုလို အဖေ အရင်း လို မေတ္တာတွေ ပေးပြီး စောင့်ရှောက်ပေးခဲ့တာ ကိုချမ်း ဖေဖေ နဲ့အမ့ပါ . ဖေဖေက မေလေး အတွက်ဘုရား ပေး တဲ့ ဆုလာဘ်ပါ . ဘယ်မိသားစု မဆို perfect ဆိုတာတော့မရှိပါဘူး . မေလေးအတွက်တော့perfect ပါပဲ . မေလေး အတွက် ဒီမိသားစုလေးက ဘုရားပေးတဲ့ဆုလာဘ်ပါ . ဒီနေ့ မိသားစု ဖေဖေ နဲ့အမ့ တို့နဲ့ မေလေးတို့ အတူ နေ့လည်စာစားပြီး ထိုင်ကန်တော့ခဲ့ပါတယ် .


မိသားစု အမှတိတရပုံရိပ်လွှာ လေး💛💚❤️🙏🙏🙏. ဓာတ်ပုံတွေ က စကားပြောလို့ အရမ်းတန်ဖိုးထားပါတယ်ရှင်🙏🙏🙏. မေလေး ချစ်ရသူတွေ တယောက်ချင်းစီ နဲ့ ထမင်းလုတ်တိုင်းရဲ့ ကျေးဇူးရှင် တွေ လဲ ကျန်းမာချမ်းသာ အနာရောဂါ ကင်းဝေးစိတ်ချမ်းသာပျောိရွှင်ပြီးလိုတိုင်းတရပြီး ကောင်းကျိုးလိုရာပြည့် သာသနာပြုနိုငိပြီး နိဗာန်ရောက်ကြောင်းအထောက်အပံ့ ကုသိုလ်ထူးတွေပြုနိုင်ရကြပါစေလို့သစ္စာပြုပါတယ်🙏🙏🙏🙏Love you All 💛💚❤️🙏🙏🙏” လို့ သူမရဲ့ လူမှုကွန်ယက်ကနေမျှဝေလာခဲ့တာဖြစ်ပါတယ်


ဇင်ဇင်ဇော်မြင့် ကတော့ ချစ်ခင်ပွန်းရဲ့ မိဘတွေကြောင့် သာယာပြည့်စုံတဲ့ မိသားစုဘဝလေးကို ပိုင်ဆိုင်နိုင်ခဲ့တဲ့အကြောင်း ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်