ဆင်ဆာအဖျက်ကြမ်းတဲ့ခေတ်က ဆင်ဆာလူကြီးတွေကို အကြီးအကျယ် ပညာပြခဲ့တဲ့ ဒါရိုက်တာမိုက်တီး အကြောင်း ပြောပြလာတဲ့ လွင်မိုး

လွင်မိုးက အနုပညာလောကမှာ လျှမ်းလျှမ်းတောက် အောင်မြင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပါတယ်။ သူ့ရဲ့ အနုပညာသက်တမ်းကတော့ နှစ်ပေါင်း ၄၀ ကျော်ရှိနေပြီဖြစ်ပါတယ်။ သူဟာ လက်ရှိမှာတော့ အနုပညာအလုပ်တွေထက် ကိုယ်ပိုင်စီးပွားရေးကို ဦးဆောင်နေသူတစ်ယောက်ဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာတော့ ရုပ်ရှင်လောကမှာ ဆင်ဆာစနစ်ကို ဖျက်သိမ်းပြီး Rating System အစားထိုးဖို့ ဝိုင်းဝန်းတောင်းဆိုနေကြတာဖြစ်ပြီး ရုပ်ရှင်လောကသားတွေကလည်း လက်မှတ်ရေးထိုးတောင်းဆိုမှုတွေပါပြုလုပ်နေကြတာပါ
ယနေ့မှာတော့ လွင်မိုးက ဆင်ဆာအဖျက်ကြမ်းတဲ့ခေတ်က ဆင်ဆာလူကြီးတွေကို ဒါရိုက်တာမိုက်တီးက အကြီးအကျယ်ပညာပြခဲ့တဲ့အကြောင်း ပြန်ပြောင်းပြောပြလာခဲ့တာပါ

လွင်မိုးက ” အဲ့ဒီခေတ်က ကျွန်တော်တို့က ဆင်ဆာဖြတ်မှာကို မကြောက်ဘူး ဆင်ဆာပိတ်မှာကို ကြောက်တာ ဘဝမှာမှတ်မှတ်ရရ ဗီဒီယို ၂ ကား ၃ ကားလား ပိတ်ခံရတာ ဒွေးနဲ့ ပထမဆုံးစရိုက်တဲ့ကားလည်း ပိတ်ခံရတာပေါ့နော် နောက်ပြီး ကတုံးမဆိုတဲ့ကားလည်း အပိတ်ခံရတယ် ဖြတ်တာကတော့ ဂရုကိုမစိုက်တာဖြတ်မှာပဲ သိပြီးသား ဒါရိုက်တာတွေထဲမှာ ဆင်ဆာအဖြတ်မခံရတဲ့သူတစ်ယောက်မှမရှိဘူး

အဲ့ဒီထဲမှာမှ ကိုမိုက်ကအဆိုးဆုံးပဲ စပယ်ရှယ်ဖျက်ခံရတာပေါ့ အဲ့တော့ ကိုမိုက်ကဘာလုပ်လဲဆိုတော့ ရုပ်ရှင်ရိုက်လို့ရှိရင် ဆင်ဆာလူကြီး မကြိုက်တာတွေကို ရေးလာတယ် ရေးလာပြီးတော့လာရိုက်တယ် ကိုမိုက်ဒါကဇာတ်နဲ့လည်း မဆိုင်ဘူးဆို မင်းကဘာသိလဲ ဒါသူတို့ဆင်ဆာဖြတ်လို့ရအောင် ရိုက်ရမှာ တကယ့်ဆင်ဆာဖြတ်မယ်ဆိုတာတွေကိုပဲရေးလာတာ အဲ့ဒါဖြတ်လိုက်ရင် ဇာတ်သားလွတ်သွားမှာပေါ့ကွာ

ပြီးတော့ ကိုမိုက်က ဆင်ဆာလူကြီးတွေ နာမည်တွေကို မှတ်ထားတာ အဲ့လူတွေပြုတ်သွားရင် ရုပ်ရှင်ထဲမှာ အဲ့နာမည်တွေထည့်ရိုက်တာ လမ်းဘေးကလူတို့ ဆိုက်ကားသမားတို့ အဲ့ဆင်ဆာပြုတ်သွားတဲ့သူနာမည်တွေ ထည့်ရိုက်တာ သူ့ဖြတ်တဲ့သူတွေကို ပညာပြန်ပြတာပေါ့ အဲ့လိုတွေပညာပြန်ပြတာပေါ့ ” လို့ ပြန်ပြောင်းပြောပြလာခဲ့တာဖြစ်ပါတယ်ပရိသတ်ကြီးရေ အဆုံးထိဖတ်ရှုပေးခဲ့ကြတဲ့အတွက်လည်း ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)