ရုတ်တရက်ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံတင်လိုက်ရတဲ့ ခင်စန်းဝင်း

ပရိသတ်ကြီးရေ.. မကြီးစန်းလို့ အားလုံးက ချစ်စနိုးခေါ်ကြတဲ့ မိတ်ကပ်ပညာရှင်ခင်စန်းဝင်းကိုတော့ ပရိသတ်တွေအားလုံးပဲ ချစ်ခင်အားပေးကြမှာပါနော်..။မိတ်ကပ်ပညာလောကမှာ ဆယ်စုနှစ်တွေကတည်းက အောင်မြင်လာသလို သရုပ်ဆောင်ပိုင်းမှာလည်း ဇာတ်ကားတွေရိုက်ကူးနေပြီး ကြော်ငြာတွေလည်း ရိုက်ကူးနေတာပဲ ဖြစ်ပါတယ်နော်..။


ကိုဗစ်ကာလမှာလည်း အလုပ်တွေကို ဆက်တိုက်လုပ်ကိုင်ဖြစ်နေတဲ့ ခင်စန်းဝင်းက ဒီကနေ့မှာတော့ ရုတ်တရက်ကျန်းမာရေးအခြေအနေကြောင့် ဆေးရုံမှာ ဆေးကုသမှုခံယူနေရကြောင်းကို “ဗိုက်အရမ်းအောင့်လို့ UHC ဆေးရုံမှာဆေးသွင်းနေရတယ်🥺” ဆိုပြီး သူမရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ မျှဝေလာခဲ့တာပဲ ဖြစ်ပါတယ်။


သူမရဲ့ ပို့စ်အောက်မှာတော့ နာမည်ကျော်အနုပညာရှင်တွေနဲ့ ပရိသတ်တွေက ခင်စန်းဝင်းနေပြန်ကောင်းလာစေဖို့ ဆုတောင်းပေးနေကြတာပဲဖြစ်ပါတယ်


ခင်စန်းဝင်းကတော့ မထင်မှတ်ထားပဲ ဆေးရုံတက်ကာ ဆေးကုသမှုခံယူနေရတဲ့အကြောင်း ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ် ပရိသတ်ကြီးရေ ခင်စန်းဝင်းတစ်ယောက် အမြန်ဆုံးနေကောင်းသက်သာလာစေဖို့ ဆုတောင်းပေးလိုက်ရပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)