မြင့်မြတ်ရဲ့မိဘတွေအပေါ်ထားရှိတဲ့စိတ်ထားကို ရှင်းပြလာတဲဲ့ ထက်ထက်မိုးဦးရဲ့ခင်ပွန်းဟောင်း စိုင်းလွှမ်း

သဘာဝမင်းသားလို့ပရိသတ်တွေ တင်စားခေါ်ဝေါ်ကြတဲ့ မင်းသားချောမြင့်မြတ်ကတော့ သာယာပျော်ရွှင်စရာမိသားစုဘဝလေးကို တည်ထောင်ထားတာဖြစ်ပြီး ပရိသတ်တွေ အားကျချစ်ခင်ရတဲ့ သူလေးဖြစ်ပါတယ်။

ယခုရက်ပိုင်းမှာထွက်ပေါ်လာခဲ့တဲ့ မြင့်မြတ်ဖခင်ရဲ့ အင်တာဗျူးကြောင့် ဝေဖန်သံတွေဆူညံခဲ့ရတာဖြစ်ပြီး ဒီလိုဝေဖန်ခံခဲ့ရတဲ့အပေါ် ထက်ထက်မိုးဦးရဲ့ ခင်ပွန်းဟောင်း စိုင်းလွှမ်းက သူ့ရဲ့ အမြင်ကို အခုလိုပဲပြောပြလာခဲ့တာပဲဖြစ်ပါတယ်

“EThics ဆိုတာမသိကိုယ်လုပ်တဲ့အလုပ်နဲ့ပက်သက်တဲ့ တန်ဖိုးရှိတဲ့စာမျိုးဆိုတာဘယ်မှာရှာဖတ်ရကောင်းမှန်းမသိProမဆန်တဲ့ တချို့ မီဒီယာသမားတွေအတွက် လျှောက်ရှာပြီးဖတ်စရာမလိုအောင် ဖတ်တဲ့စာတွေ မှားမဖတ်အောင် စေတနာရှေ့ထားပြီး သိတာလေး ပြန်ဝေမျှချင်လို့ စာအများကြီးရေးမိသွားတယ်။မိဘတိုင်းလည်းမမှန်နိုင်သလို သားသမီးတိုင်းလည်းမမှားကြပါဘူး။ မိသားစုကိစ္စဆိုတာ လည်း မိသားစုထဲက သူတွေပဲသိကြတာပါဒီလိုကိစ္စတွေကိုရမ်းပြီးမပြောကြပါနဲ့ ဗျာ …စိတ်မကောင်းလွန်း လို့မနေနိုင်လို့ရေးမိတာ။

အဓိက Media ရဲ့ Ethics (ကျင့်ဝတ်)တန်ဖိုးကို မသိကြသေးတဲ့ သူတွေကြောင့် တန်ဖိုးရှိတဲ့ စာနယ်ဇင်းဆရာကြီးများ ကို လည်း မျက်နှာတွေပြန်မြင်ပြီးလည်း အားနာပါဦး။Media တွေထဲကမှ ဒီလို interviewers ကလူတွေဆိုတာအနုပညာလောကက သူတွေတစ်ယောက်ချင်းစီရဲ့ Characters တွေကို အနီးကပ်ဆုံးသိကြတာပဲ ဘယ်သူက ဘယ်လိုဆိုတာကို သူတို့အသိဆုံးပဲ သိသိကြီးနဲ့ ခုလိုငါဒါကို ဒီလိုတင်လိုက်ရင်ဒီဘဲတော့ဘာဖြစ်သွားမယ်ဆိုတာလူပဲစဉ်စားတတ်ရင်တွေးကြည့်ရင် သိနိုင်တာပဲ …နှစ်ဘက်မျှတွေးတတ်ရတယ်ဘယ်သူမဆို စိတ်အခန့်မသင့်တဲ့ချိန်နားလည်မှုလေး ခဏလွဲတတ်တာမျိုးရှိတတ်တာ လူတိုင်း လူသဘာဝပဲ ဒါကို အခွင့်ကောင်းယူသလိုမျိုးနဲ့ တော့ ဒီလို လုပ်ရပ်မျိုးလုံးဝမလုပ်သင့်ပါဘူး ။

မြင့်မြတ်ရဲ့ Character ကရောဘယ်လိုဆိုတာရယ် သူပတ်ဝန်းကျင်မှာဘယ်လိုနေထိုင်ဆက်ဆံ တတ်တယ်ဆိုတာ ခုတင်တဲ့သူ မသိနိုင်စရာအကြောင်းမရှိပါဘူး အိမ်ထောင်ကျသွားပြီးမိသားစုနဲ့ဖြစ်သွားကြတဲ့သူတွေဆိုတာ က အရင်ချိန်အိမ်မှာ ရှိနေသလိုမျိုးထက်စာရင်တော့ ကိုယ်ပိုင်ဆိုင်လာတဲ့မိသားစုအတွက် တာဝန်ပိုယူအချိန်ပိုပေးလာကြရတဲ့အတွက် အရင်ကထက်တော့မိဘအပေါ်လျော့သွားတတ်ကြတာ ကိုလည်းမိဘတိုင်းနားလည်ပေးကြပါတယ် …သေချာတာကတော့ မိဘကိုမသိတတ်တဲ့သားသမီးဆိုရင် မြင့်မြတ် ဆိုတာ ခုလိုအခြေနေနဲ့ မျိုးနဲ့ ရပ်တည်နေနိုင်မယ်ထင်နေကြလို့လား ။.အဖေဖြစ်တဲ့သူကရိုးသားစွာပြောပြတာလေးကို A Sad Story အဖြစ်ရောက်အောင်ပြောင်းလဲလိုက်တာတော့ဗျာ…သိပ်ပြီးအတ္တဆ န်မနေဘူးလား.” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်

စိုင်းလွှမ်းကတော့ မြင့်မြတ်ရဲ့ဖခင်ကို Sad Story အဖြစ် အသုံးချခဲ့တဲ့ အပေါ် ပြင်းထန်စွာဝေဖန်ခဲ့တာပဲဖြစ်ပါတယ်နော် ပရိသတ်ကြီးလည်း စိုင်းလွှမ်းရဲ့အမြင်အပေါ် အမြင်လေးကို ပြောခဲ့ကြပါအုန်းနော်

Writer – Magic(Shwe Yaung Myanmar)