ချစ်သူနဲ့ ရိုဆန်နေတဲ့ပုံရိပ်လေးတွေကို ချပြလာတဲ့ မိုးအောင်ရင်

ဆယ်စုနှစ်ကျော်တိုင်အောင် ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားပေါင်းများစွာတွင် ပါဝင်သရုပ်ဆောင်ခဲ့ပြီး ပရိသတ်တွေရဲ့ တစ်ခဲနက် အားပေးမှုတွေကို ရရှိထားသူကတော့ သရုပ်ဆောင် မင်းသားချောလေး မိုးအောင်ရင်ပဲ ဖြစ်ပါတယ်။ သူဟာ ကာရိုက်တာမျိုးစုံကို ဟာကွက်မရှိအောင် သရုပ်ဆောင်နိုင်သူ တစ်ဦးလည်း ဖြစ်ပါတယ်။

လူငယ်ဆန်ဆန်ဖက်ရှင်လေးတွေကို ရွေးချယ်ဝတ်ဆင်တတ်တာကြောင့်လည်း မိန်းကလေးပရိသတ်တွေက ကြွေနေကြတာပါ။မိုးအောင်ရင်ဟာ လတ်တလော အနုပညာလှုပ်ရှားမှုတွေ မရှိသေးတာကြောင့် ကိုယ်ပိုင်စီးပွားရေးလုပ်ငန်းတစ်ခုကို လုပ်ကိုင်နေတာလည်း ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ရင်းနှီးမှုရရှိစေရန်အတွက် သူရောင်းချနေတဲ့ အသုပ်တွေကို ကိုယ်တိုင် Delivery လုပ်ကာ ပို့ဆောင်ပေးနေတာလည်း ဖြစ်ပါတယ်။ သူ့ရဲ့ လှုပ်ရှားမှုတွေတိုင်းကိုလည်း ပရိသတ်တွေကို အမြဲတင်ဆက်ပေးနေတာလည်း ဖြစ်ပါတယ် ယနေ့မှာတော့ မိုးအောင်ရင်က အခုဆိုရင် ပရိသတ်တွေပဟေဠိဖြစ်သွားအောင်လို့ ကောင်မလေးတစ်ယောက်နဲ့အကြည့်ချင်းဆုံပြီး ရိုနေကြတဲ့ပုံလေးတွေကို ထုတ်ပြလာတာဖြစ်ပါတယ်။

မိုးအောင်ရင်က”Marry Christmas December ရဲ့အေးချမ်းမှုတွေကို..အချစ်ကနွေးထွေးစေမှာပါ..Christmas မှာချစ်သူနဲ့ပျော်ရွှင်နိုင်ကြပါစေ..”ဆိုတဲ့ စာသားလေးနဲ့အတူ ကြည်နူးစရာပုံလေးတွေကို မျှဝေထားတာဖြစ်ပါတယ်။မိုးအောင်ရင်ကတော့ ပရိသတ်တွေကို အငြင်းပွားစရာဖြစ်အောင် ဓာတ်ပုံလေးတွေတင်လိုက်တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်