ရှေးဟောင်းယွန်းထည်ပစ္စည်းတွေအပြည့်ရှိနေတဲ့ ဇေကမ္ဘာပြတိုက်ကြီးကို ပရိသတ်နဲ့ မိတ်ဆက်ပေးလာတဲ့ စိန်ဖြိုးလှိုင်နဲ့ ရီရီပွင့်ဖြူ

ပြည်သူချစ် သရုပ်ဆောင် နှစ်ယောက်ဖြစ်တဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ လွန်ခဲ့တဲ့နှစ်တွေကတည်းက အနုပညာအလုပ်တွေကို စွန့်လွှတ်ခဲ့ပြီဆိုပေမယ့် ပရိသတ်တွေနဲ့ အဆက်အသွယ်မပြတ်ရှိနေဆဲ ဖြစ်ပါတယ်။ နှစ်ယောက်စလုံးကလည်း ပရိသတ်သိပြီးသား အနုပညာရှင်တွေပီပီ မောင်နဲ့ ရီရီပွင့်ဖြူက သူတို့နှစ်ယောက်ရဲ့ ကိုယ်ပိုင် ပေ့ချ်လေးတစ်ခုကို တည်ထောင်ထားပြီး


ပရိသတ်တွေအတွက် စိတ်ဝင်စားစရာကောင်းတဲ့ အကြောင်းအရာတွေကို မျှဝေပေးနေတာပဲ ဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ချစ်စရာကောင်းပြီး စကားပြောပွင့်လင်းကြတဲ့ မောင်နဲ့ ရီရီပွင့်ဖြူတို့နှစ်ယောက်စလုံးရဲ့ လှုပ်ရှားမှုတိုင်းကို ချစ်ခင်စွာနဲ့ အားပေးနေကြတာပဲ ဖြစ်ပါတယ်။


ဒီတစ်ခါမှာလည်း မောင်နဲ့ ရီရီပွင့်ဖြူတို့က လူကြီးလူငယ်တိုင်း စိတ်ဝင်စားနေမယ့် Vlog လေးတစ်ခုကို မျှဝေပေးလာပါတယ်။ အဲ့ဒါကတော့ အကယ်ဒမီ နန္ဒာလှိုင်ရဲ့ ခင်ပွန်း ကိုဇေသီဟတို့ ဇေကမ္ဘာမိသားစုက ပိုင်ဆိုင်တဲ့ ဇေကမ္ဘာပြတိုက်ဆီ သွားရောက်လည်ပတ်ခဲ့ကြတာကို တင်ဆက်ပေးလာတာပဲ ဖြစ်ပါတယ်။


မောင်နဲ့ ရီရီပွင့်ဖြူတို့က ဇေကမ္ဘာပြတိုက်ထဲက ယွန်းထည်ပြခန်းကြီးဆီ သွားရောက်လေ့လာခဲ့တာဖြစ်ပြီး စိတ်ဝင်စားကြတဲ့ ပရိသတ်တွေအတွက်လည်း ယွန်းထည်အမျိုးမျိုးအကြောင်းကို ပြောပြလာတာမို့ ပရိသတ်ကြီးအတွက် မျှဝေပေး လိုက်ပါတယ်နော်။

မောင်နဲ့ ရီရီပွင့်ဖြူတို့ကတော့ တော်တော်များများ သတိမထားမိကြတဲ့ မြန်မာ့ရိုးရာ ယွန်းထည်တွေအကြောင်း ပြောပြလာသလို တော်ရုံလူမမြင်ဖူးနိုင်တဲ့ ဇေကမ္ဘာပြတိုက်ထဲက ခေတ်အဆက်ဆက် ယွန်းထည်ပစ္စည်းတွေကို ပြသလာတာ တကယ့်ကို စိတ်ဝင်စားစေတာပဲ ဖြစ်ပါတယ်။

ပရိသတ်ကြီးလည်း မောင်နဲ့ ရီရီပွင့်ဖြူရဲ့ ဗီဒီယိုလေးကိုကြည့်ပြီး ဇေကမ္ဘာပြတိုက်ကြီးထဲ အမှန်တယ်ရောက်ရှိသွားသလို ခံစားနေရမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit – San Kyi Par