Vivo ဖုန်း Live Sale မှာ တမိနစ်ခွဲကို ဖုန်းတလုံး ရောင်းချ နိုင်ခဲ့တဲ့အကြောင်း ဝမ်းသာအားရနဲ့ ပြောပြလာတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးကတော့ ဆယ်စုနှစ်တစုစာ ပရိတ်သတ်တွေရင်ထဲကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီးတဦးဖြစ်သလို အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့အခါမှာလည်း အားလုံးရဲ့ ချစ်ခင်မှုကို အရင်အတိုင်း ပြန်လည်ရရှိခဲ့တဲ့ ထူးခြားတဲ့ လူချစ်လူခင်မှုကို ပိုင်ဆိုင်ထားသူပါ။


ယခုကိုဗစ်ကာလမှာတော့ မထက်ဟာ သိန်းထောင်နဲ့ချီတန် ကျောက်မျက်ရတနာ ကားနဲ့ အိမ်ခြံမြေတွေကိုပါ Online ကတဆင့် ရောင်းချပေးနိုင်ခဲ့တာဖြစ်ပါတယ် ယမန်နေ့ကတော့ ထက်ထက်မိုးဦးက Vivo ဖုန်းတွေကို Live Sale ကတဆင့် ရောင်းချခဲ့တာဖြစ်ပြီး တမိနစ်ခွဲကို ဖုန်းတစ်လုံးနှုန်းရောင်းချခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့တာပါ


ထက်ထက်မိုးဦးက ” မနေ့က live မှာ ၁ မိနစ်ခွဲ တိုင်းမှာဖုန်း ၁ လုံးရောင်းရတယ်။Vivo ဘက်ကလည်း ပါကင်တွေ စထုတ်နေပြီမို့ မကြာခင်ချစ်ရသူတွေလက်ထဲရောက်လာတော့မယ်နော်။” လို့သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် မျှဝေလာခဲ့တာဖြစ်ပါတယ်



ထက်ထက်မိုးဦးကတော့တကယ့်ကို အံ့ဩဖွယိကောင်းလောက်အောင် Vivo ဖုန်းတွေကို ရောင်းချပေးနိုင်ခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်