ခရစ်စမတ်နေ့လေးမှာပဲ တတိယမြောက် သားသားလေးကို ရရှိလိုက်ပြန်ပြီဖြစ်တဲ့ လူရွှင်တော် မျောက်ရှုံး

5stars အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ ဟာလူရွှင်တော်မျောက်ရှုံးက ခရစ်စမတ်နေ့ ၊ ဒီဇင်ဘာလ (၂၅)ရက်နေ့ မှာ ဇနီးဖြစ်သူက တတိယမြောက်ရင်သွေး သားယောင်္ကျားလေးကို မွေးဖွားခဲ့ တဲ့အကြောင်း လူမှုကွန် ရက်က ဝေမျှခဲ့ပါတယ်။


“လူ့လောကထဲတော့ တစ်ယောက်ဝင်လာပြီ အားဖြစ်မလား၊ ကျားဖြစ်မလားတော့မသိ မျက်နှာက တော့ မြင်တဲ့အတိုင်းပဲ” လို့ မျောက်ရှုံးက သူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ ဒီဇင်ဘာလ(၂၅) ရက်မနက်ပိုင်းက ပုံတွေနဲ့အတူ ပရိသတ်တွေကိုအသိပေးထားတာပါ။


မျောက်ရှုံးရဲ့ ပိုစ်အောက်မှာတော့ လူရွှင်တော် အောင်သော်ကလည်း ‘ငါနဲ့တူတာဟ’ လို့ ကောမန့်ရေးပြီး စနောက်ထားတာလည်းတွေ့ရပါတယ်။


သူ့မှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပြီး အခုတစ်ခါမှာ တတိယမြောက် သားတစ်ယောက်ကို ထပ်မံပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။


လူရွှင်တော် မျောက်ရှုံးကတော့ ကိုဗစ်ကာလမှာ အနုပညာအလုပ်တွေ မလုပ်ရပေမဲ့လည်း ပရိဟိတ အလုပ်တွေကို လုပ်ဆောင်နေတာလည်တွေ့ရပါတယ်။

Credit Pyi Myanmar