ခရစ္စမတ်နေ့မှာ ချစ်ခင်ရသူတွေကို လက်ဆောင်လှလှလေးတွေအများကြီး စီစဉ်ခဲ့ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီ

နိုင်ငံကျော် ငွေကြယ်ပွင့်နှစ်ပွင့်ဖြစ်ကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက အနုပညာလုပ်ငန်းတွေမှာလည်း ကိုယ်စီအောင်မြင်မှုရရှိနေသလို သာယာတဲ့ အိမ်ထောင်ရေးကိုလည်း အတူတကွ တည်ဆောက်ထားကြသူများ ဖြစ်ပါတယ်။

ရွှေထူးနဲ့ ရွှေမှုံရတီက အောင်မြင်တဲ့ အနုပညာလမ်းမပေါ်ကို လျှောက်လှမ်းနေကြသလို တစ်ယောက်ရဲ့အလုပ်တွေမှာလည်း တစ်ယောက် တတ်နိုင်သလောက် ပံ့ပိုးမှုတွေ ပြုလုပ်နေကြတဲ့ ချစ်စရာ ဇနီးမောင်နှံပဲ ဖြစ်ကြပါတယ်။

စစ်မှန်တဲ့ ချစ်ခြင်းအပေါ် အခြေပြုပြီး တည်ဆောက်ထားကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ရဲ့ အိမ်ထောင်ရေးကတော့ သာယာဖြောင့်ဖြူးစွာနဲ့ပဲ လူတကာက အားကျခြင်းခံနေရတာပဲ ဖြစ်ပါတယ်။


အခါကြီးရက်ကြီးတွေမှာ ပျော်စရာ အမှတ်တရတွေကို ဖန်တီးလေ့ရှိကြတဲ့ ရွှေထူးနဲ့ ရွှေမှုံရတီက ဒီနှစ်မှာတော့ ကိုဗစ်ဆိုတဲ့ ကပ်ရောဂါဆိုးကြီးကြောင့် ဘယ်ကိုမှမသွားဖြစ်ပဲ အိမ်မှာပဲ အချိန်ကုန်ဆုံးနေရတာ ဖြစ်ပါတယ်။

ဒီကနေ့ ဒီဇင်ဘာလ (၂၅) ရက်နေ့ ခရစ္စမတ်နေ့မှာတော့ ရွှေထူးနဲ့ ရွှေမှုံရတီတို့ ဇနီးမောင်နှံက ချစ်ခင်ရသူ မိတ်ဆွေ၊ သူငယ်ချင်းတွေကို အမှတ်တရ လက်ဆောင်တွေပေးဖို့ ကိတ်မုန့်လှလှလေးတွေ မှာယူစီစဉ်ခဲ့ကြတာကို တွေ့ရပါတယ်။

ကိတ်မုန့်လေးကတော့ ခရစ္စမတ်ရဲ့ အနှစ်သာရအပြည့်ပါတဲ့ ခရစ္စမတ်သစ်ပင်လေးနဲ့ From Shwe Family ဆိုတဲ့ စာလေးက အရမ်းကို ချစ်စရာကောင်းတာပဲနော်။

ပရိသတ်ကြီးလည်း ရွှေနှစ်ရွှေဆီက လက်ဆောင်လေးတစ်ခုကို တစ်ခါလောက်တော့ ရဖူးချင်နေမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit Cele Connections