Christmas နေ့ လေးမှာ အောင်မင်းခန့်နဲ့ အမှတ်တရလေးတစ်ခုကို ချပြလာခဲ့တဲ့ နန်းစန္ဒာလှထွန်း

အသံဝဲဝဲလေးနဲ့ ချစ်ဖို့ကောင်းလွန်းတဲ့ မင်းသမီးချောလေး နန်းစန္ဒာလှထွန်းကို ပရိသတ်တွေနဲ့အထူးတလည် မိတ်ဆက်ပေးဖို့မလိုလောက်ဘူးထင်ပါတယ်။ နန်းစန္ဒာလှထွန်းကတော့ “အရိပ်၊ ငွေစက္ကူ(၇)ရွက်….အစရှိတဲ့ ဇာတ်လမ်းတွဲတိုင်းရဲ့ ကျရာဇာတ်ရုပ်ကို ကျွမ်းကျင်ပိုင်နိုင်စွာသရုပ်ဆောင်နိုင်မှုတွေကြောင့် အနုပညာလောကမှာ နေရာတစ်နေရာစာအဖြစ်အောင်မြင်လာတဲ့သူတစ်ဦးပါပဲနော်။

သူမရဲ့ ချစ်စရာကောင်းလွန်းတဲ့ အပြုအမူတွေကြောင့် ပရိသတ်တွေရဲ့ အချစ်ကို အခိုင်အမာရရှိထားတဲ့သူတစ်ဦးပဲဖြစ်ပါတယ်။


လတ်တလောမှာတော့ “ပဉ္စလှည့်ရွာ”ဇာတ်လမ်းတွဲလေး ပြန်လည်ပြသနေတာပါပဲနော်။ သူမရဲ့ ဇာတ်လမ်းတွဲ ထဲက ရေဝတီ ဇာတ်ကောင်ရဲ့ အမှတ်တရပုံရိပ်လေးတွေနဲ့ ဗီဒီယိုဖိုင်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလေ့ရှိပါတယ်။

ဒီနေ့မှာတော့ နန်းစန္ဒာလှထွန်းက” ရကောက်စုံတွဲ”လို့ဆိုပြီး ရိုးစစ် ဇာတ်ကောင်ကို သရုပ်ဆောင်တဲ့ မင်းသားအောင်မင်းခန့်နဲ့အတူ ခရစ်စမက်အမှတ်တရပုံရိပ်လေးတွေကို လူမှုကွန်ယက်စာမျက်နှာပေါ်မှာ တင်ပေးလာခဲ့တာပဲဖြစ်ပါတယ်။


နန်းစန္ဒာလှထွန်းနဲ့ အောင်မင်းခန့်တို့နှစ်ယောက်ရဲ့ပုံရိပ်လေးတွေကို ကြည့်ပြီး ပရိသတ်တွေလည်း ကြည်နူးမိမ ယ်လို့ထင်ပါတယ်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်တွေအားလုံးသာယာပျော်ရွှင်တဲ့နေ့ရက်လေးတွေကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit Cele Chit Thu