ချစ်ဇနီးခင်လွှမ်းရဲ့ ဗိုက်ထဲက ရင်သွေးလေးက သားသားလေးလား မီးမီးလေးလားဆိုတာကို ထုတ်ပြောလိုက်ပြီဖြစ်တဲ့ စည်ဖြိုး

သရုပ်ဆောင် စည်ဖြိုးကတော့ ပြီးခဲ့တဲ့ နိုဝင်ဘာလအတွင်းကပဲ သူအရမ်းချစ်တဲ့ ချစ်သူလေး သရုပ်ဆောင်ခင်လွှမ်းနဲ့ ရွှေလက်တွဲ လက်ထပ်ခဲ့ပြီပဲ ဖြစ်ပါတယ်။


စည်ဖြိုးက အခုဆိုရင် အိမ်ထောင်သည်တစ်ယောက်လည်းဖြစ်သွားသလို ကလေးဖေဖေလောင်းတစ်ယောက်လည်း ဖြစ်နေပြီမို့ အရင်ကထက်ပိုပြီး အလုပ်တွေကြိုးစားလုပ်ကိုင်နေသလို မိသားစုအတွက် တာဝန်ကျေတဲ့ ဖခင်ကောင်းတစ်ယောက်ဖြစ်အောင် ကြိုးစားနေလျက်ရှိပါတယ်။ စည်ဖြိုးနဲ့ ခင်လွှမ်းကတော့ သူတို့ရဲ့ ပထမဦးဆုံးရင်သွေးလေးကို ပိုင်ဆိုင်ဖို့ မျှော်တလင့်လင့်ရှိနေကြတာပဲ ဖြစ်ပါတယ်။



အခုဆိုရင် ခင်လွှမ်းရဲ့ ကိုယ်ဝန်ကလည်း ရက်သတ္တပတ်အတော်ရှိခဲ့ပြီဖြစ်သလို သားလေးလား သမီးလေးလားဆိုတာကိုလည်း သိရှိရပြီးပြီ ဖြစ်ပါတယ်။



စည်ဖြိုးကတော့ သူ့ရဲ့ ချစ်ဇနီး ဗိုက်ထဲက ရင်သွေးလေးက သမီးမိန်းကလေးဖြစ်ကြောင်းကို မိန်းကလေးဝတ်ဂါဝန်ပိစိလေးတွေကိုရှာရင်း “ဘယ်လိုပုံစံလေးတွေဝယ်ပေးရင်ကောင်းမလည်း စဉ်းစားနေမိ ဟိဟိ.. Hello Santa !!.. The Princess is Coming … .. .” ဆိုပြီး သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေ ပရိသတ်တွေကို ပြောပြလာခဲ့တာပဲ ဖြစ်ပါတယ်။



စည်ဖြိုးကတော့ ညီအစ်ကိုနှစ်ယောက်တည်း ကြီးပြင်းလာခဲ့ရသူပီပီ ပထမဦးဆုံးရင်သွေးလေးက သမီးမိန်းကလေးဖြစ်နေတာကြောင့် တော်တော်လေး စိတ်လှုပ်ရှားပျော်ရွှင်နေတာပဲ ဖြစ်ပါတယ်။ ခင်လွှမ်းလည်း သမီးလေးကို အောင်အောင်မြင်မြင်နဲ့ ကျန်းမာစွာ မွေးဖွားနိုင်ပါစေနော်။ ဖတ်ရှုပေးကြတဲ့ Cele Connections ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit Cele Connections