ဝေဖန်ခံရမှုတွေကြောင့် တယောက်တည်းကြိတ်ခံစားနေရှာတဲ့ သားဖြစ်သူမြင့်မြတ်ရဲ့ အမှန်တရားအတွက် ပြန်လည်ဖြေရှင်းပေးလိုက်တဲ့ မြင့်မြတ်ရဲ့မိခင်

သရုပ်ဆောင်မြင့်မြတ်ကတော့ မနေ့က ဒီဇင်ဘာလ (၂၀) ရက်နေ့မှာ သူ့ရဲ့ဖခင်ကိုယ်တိုင်ဖြေကြားထားတဲ့ အင်တာဗျူးဗီဒီယိုကြောင့် ပရိသတ်တွေဝေဖန်ခြင်းကို ခံနေရသူတစ်ယောက် ဖြစ်ပါတယ်။


မြင့်မြတ်ကိုချစ်ကြတဲ့ ပရိသတ်တွေကတော့ မြင့်မြတ်က သားဆိုးသားမိုက်တစ်ယောက်မဟုတ်မှန်းသိကြသလို တစ်ဖက်ကလည်း သူ့ရဲ့ဖခင်ကိုယ်တိုင်က ပြောတာကြောင့် ဘယ်ဟာက အမှန်လဲဆိုတာ ဝေခွဲမရဖြစ်နေတာပဲ ဖြစ်ပါတယ်။


ယနေ့မှာတော့ ထိုကိစ္စနဲ့ ပက်သတ်ပြီး မြင့်မြတ်ရဲ့ သူငယ်ချင်းအရင်းကြီးဖြစ်တဲ့ သရုပ်ဆောင် ဂျူဂျူးပန်ထွာက မြင့်မြတ်ရဲ့ မိခင်ကိုသွားရောက်မေးမြန်းကာ ပြန်လည်ဖြေရှင်းလာခဲ့တာပဲဖြစ်ပါတယ်


“အမှန်တရား တခုကို ရှင်းပြခဲ့တဲ့ ကိုမြင့်မြတ်ရဲ့အမေ …” ဆိုပြီး သူငယ်ချင်းဖြစ်သူ မြင့်မြတ်ရဲ့မိခင်ကိုယ်တိုင် ရှင်းလင်းပြောပြထားတဲ့ ဗီဒီယိုဖိုင်လေးကို ဂျူးဂျူးပန်ထွာက ဝေမျှတင်ပေးလာတာပဲ ဖြစ်ပါတယ်နော်..။


ဒီဗီဒီယိုဖိုင်ထဲမှာတော့ မြင့်မြတ်ရဲ့မိခင်က မြင့်မြတ်ဟာ မိသားစုကို အိမ်ပိုင် ကားပိုင်ရှိစေချင်လို့ အနုပညာလုပ်ငန်းတွေကို လုပ်ကိုင်ခဲ့တာဖြစ်ပြီး အဲ့ဒီကနေမှ အောင်မြင်လာခဲ့တာဖြစ်တယ်လို့ ဆိုလာခဲ့တာပါ မြင့်မြတ်ဖခင်က သားကို အရှက်ခွဲချင်နေတာသာဖြစ်ပြီး လက်ရှိမှာ ဆိုင်တဆိုင်လုံးရှိတာကြောင့် Taxi မောင်းနေရတယ်ဆိုတာမဟုတ်ဘူးလို့လဲရှင်းပြလာခဲ့ပါတယ်


ဒီလိုအရှက်ခွဲဖို့ လုပ်နေပေမယ့် မအောင်မြင်ခဲ့ပဲ အခုမှ မီဒီယာသမားတွေကိုကိုယ်တိုင်ခေါ်ပြီး ပြုလုပ်ခဲ့ကြောင်းနဲ့ ဒီလိုကိစ္စတွေကို ဂရုမစိုက်ပဲ ကိုယ့်ပရိသတ်တွေနဲ့ကိုယ်ပျော်အောင်နေပါ လို့ လည်း အားပေးထားခဲ့ပါသေးတယ် Video ဖိုင်ကိုတော့အောက်မှာတပါတည်း ထည့်သွင်းပေးထားပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)