ခင်ပွန်းသည်နဲ့ပတ်သတ်တဲ့ ရင်တွင်းခံစားချက်တွေကို ပွင့်ပွင့်လင်းလင်းပြောပြလာတဲ့ သဉ္ဇာနွယ်ဝင်း

အေးချမ်းတဲ့မိသားစုဘဝလေးမှာ သားလေးနဲ့သမီးလေးကိုပိုင်ဆိုင်ခဲ့ပြီးနောက် မေမေသဉ္ဇာရဲ့ နေ့ရက်တွေဟာပိုပြီးလှပလာခဲ့ပါ တယ်။

ဂရုစိုက်တတ်တဲ့ခင်ပွန်းကြောင့်လည်း ပျော်ရွှင်ရတဲ့ အိမ်ထောင်ရှင်မလေးဘဝမှာ သူမကပျော်မဆုံးဖြစ်နေခဲ့တာပါ။ သားနဲ့သမီးရဲ့အပြုံးတွေဟာ ဖေဖေနဲ့မေမေ့အတွက်တော့ နောက်ရက်အတွက်ရှေ့ဆက်ရမယ့် ခွန်အားတွေပါပဲ။


သားလေးနဲ့သမီးလေးကို အချိန်ခဏလေးခွဲရတာတောင်သတိရလွန်းလို့ ဘယ်သွားသွား အမြဲတမ်းခေါ်သွားတတ်တဲ့ အကြောင်းကိုလည်းပြောခဲ့ပါသေးတယ်။ ဒီနေ့မှာတော့ သဉ္ဇာက သူမရဲ့ပုံရိပ်လေးတွေနဲ့အတူ ခင်ပွန်းသည်အပေါ်မှာထားတဲ့ သူမရဲ့ချစ်ခြင်းမေတ္တာအကြောင်းကို ဖွင့်ဟလာခဲ့ပါတယ်။


နှစ်သားမွေးပြီး နှစ်ဆတိုးကာလှနေတဲ့ သူမရဲ့ပုံရိပ်တွေကို ” အများကြီးမလှချင်ပါဘူး ကိုယ်ချစ်တဲ့ယောကျာ်းအတွက် လှရင်ကျေနပ်ပါပြီ။ အရမ်းကြီးလည်းမတောင်းဆိုပါဘူး တစ်သက်လုံးချစ်ချစ်ခင်ခင်နေသွားရရင်ကျေနပ်ပါပြီ။


ဖူးစာဖက်ဆိုတာ နေ့စဉ်အမြဲတွေ့နေရတဲ့ လူနှစ်ယောက်မို့လို့ တစ်ယောက်နဲ့တစ်ယောက် မြတ်မြတ်နိုးနိုးနဲ့ တန်ဖိုးထားတတ်ဖို့ကသာ ပိုအရေးကြီးပါတယ်။ love you papa ” ဆိုပြီး တင်ထားတာပဲဖြစ်ပါတယ်။ သဉ္ဇာ့ရဲ့အမျိုးသားကတော့ ဒီစာလေးကိုဖတ်ပြီး ကြည်နူးနေမှာအသေအချာပါပဲ။

Credit Cele Zone