
နာမည်နဲ့လိုက်အောင် အပြုံးချိုချိုလေးတွေကို ပိုင်ဆိုင်ထားတဲ့ စမိုင်းလ်က ပရိသတ်တိုင်း အားကျရတဲ့ သာယာအေးချမ်းတဲ့ မိသားစုလေးကို ပိုင်ဆိုင်ထားတဲ့ အိမ်ထောင်ရှင်အမျိုးသမီးတစ်ယောက်လည်း ဖြစ်ပါတယ်။
စမိုင်းလ်ရဲ့ သမီးလေးနှစ်ယောက်ကလည်း အသားအရည်ညိုစိမ့်စိမ့်လေးနဲ့ နိုင်ငံခြားသူလေးတွေလို ဘိုဆန်ဆန်လေးလှကြတာမို့ ပရိသတ်တွေအချစ်ခံရသူလေးတွေပဲ ဖြစ်ကြပါတယ်။
စမိုင်းလ်ရဲ့ သမီးကြီးပေါ်ရှာကတော့ ဆယ်ကျော်သက်အပျိုဖြန်းလေးတစ်ယောက်ပီပီ မေမေနဲ့အတူတူ အနုပညာလှုပ်ရှားမှုတွေကိုလည်း နည်းနည်းချင်းစီလုပ်ကိုင်လာတာကိုလည်း တွေ့ရပါတယ်။
အနုပညာလှုပ်ရှားမှုတွေလည်း အနည်းအကျဉ်းရှိသလို မေမေစမိုင်းလ်ကြောင့်လည်း ပရိသတ်တွေရဲ့ စိတ်ဝင်စားခြင်းကိုခံနေရတဲ့ ပေါ်ရှာက ဒီကနေ့မှာတော့ ပရိသတ်တွေကို အံ့အားသင့်စရာ ပုံရိပ်အချို့ကို ချပြလာတာ ဖြစ်ပါတယ်။
စမိုင်းလ်ရဲ့ သမီးကြီးပေါ်ရှာကတော့ သူမရဲ့ နေအိမ်မှာ ကောင်လေးတစ်ယောက်နဲ့ ပူးပူးကပ်ကပ်ရှိနေတဲ့ ပုံရိပ်တွေကို “bestie” လို့ဆိုကာ သူမရဲ့ အင်စတာဂရမ်စာမျက်နှာမှာ အခုလိုပဲ ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။
ပေါ်ရှာလေးကတော့ ပရိသတ်တွေကို အံ့အားသင့်စေဖို့ ချစ်စရာကောင်းတဲ့ ဓာတ်ပုံတွေကို ချပြလာခဲ့တာပဲ ဖြစ်ပါတယ်။ အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်
Credit Cele Connections