
ဆင်တွေဟာ တောထဲမှာ သဘာဝ အလျှောက် အသက်ရှင်နေထိုင် ပြီး မိသားစုဝင်နဲ့ အတူတူ သွားလာကြ စားသောက်ကြတဲ့ တိရိစ္ဆာန်မျိုး စိတ်တွေ ဖြစ်ပေမယ့်
တောင်တက်ခရီးတွေမှာ အလေးလံတွေ မနိုင်မနင်း ဖြစ်အောင် သယ်ဆောင်ကြခြင်းဟာ ဆိုးရွားတဲ့ လုပ်ရပ်ဖြစ်ပါတယ်။
ဆင်တွေရဲ့ နှာမောင်းဟာ သန်မာပေမယ့် သူတို့ရဲ့ ခန္ဓာကိုယ် တည်ဆောက်ပုံအရ အရမ်းကြီး လေးလံတဲ့ အရာတွေကို တင်ဆောင်ဖို့ မဟုတ်ပါဘူး။
သူတို့ရဲ့ ခန္ဓာကိုယ်က အရိုးတွေဟာ ပစ္စည်းအလေးကြီးတွေ သယ်ဆောင် ရတဲ့ ဒဏ်ချက်တွေကြောင့် ပျက်စီးနိုင်ပါတယ်။
ကိုယ်တစ်ယောက်ထဲ စီးရုံလောက်နဲ့ ဆင်တစ်ကောင်ရဲ့ အရိုးတွေဟာ မထိခိုက်နိုင်ပေမယ့် ကြာလာတဲ့ အခါမှာတော့ သယ်ဆောင်ရတဲ့ အလေးချိန်တွေကြောင့် အရိုးတွေဟာ အနည်းနဲ့ အများ ထိခိုက်ပျက်စီး လာပါတယ်။
ဆင်တွေရဲ့ ဘဝကို စာနာတယ်ဆိုရင် ဆင်စီးဖို့ ကြုံလာတိုင်း သူတို့ရဲ့ အခြေအနေကို သတိထားသင့်လှပါတယ်။
ဒါကြောင်း ချစ်စဖွယ်ကောင်းသလို၊ အသိဥာဏ်လည်း ရှိတဲ့ ဆင်တွေ ကို စီးနင်းတာမျိုး တတ်နိုင်သမျှ ရှောင်ရှားရမှာပဲ ဖြစ်ပါတယ်။