အဘလို့ နောက်ပြောင်ခေါ်ဆိုခဲ့တဲ့ ပရိသတ်တစ်ယောက်ကို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့တဲ့ အစီစဉ်တင်ဆက်သူ ဇင်အောင်

ပရိသတ်ကြီးရေ MRTV-4 ကအစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ ဇင်အောင်ကတော့ Let’s talk အစီစဉ်နဲ့ The Model Academy အစီစဉ်တို့နဲ့ လူသိများတဲ့ သူတစ်ယောက်ပါ ။ ဇင်အောင်က သူ့ရဲ့နေ့စဉ်လှုပ်ရှားမှုတွေနဲ့ ခံစားချက်စာသားလေးတွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် ပရိသတ်တွေကို အမြဲလိုလိုမျှဝေပေးနေတဲ့သူတစ်ယောက်ပါ ။


လတ်တလောမှာတော့ သူ့ရဲ့ပို့စ်အောက်မှာ လာရောက်စနောက်တဲ့ ပရိသတ်တစ်ယောက်ကို အခုလို ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါတယ် ။


အဘ လို့ ခေါ်ပြီး စနောက်လိုက်တဲ့ ပရိသတ်ကို ဒီဘဝ ချို့တဲ့ပြီး လူရာမဝင် တာတောင် .. မမှတ်သေး ငါ့အသက်ရွယ်သူတို့မရောက်ဘူး သေချင်းဆိုး နဲ့သေမှာလေ ဆိုတဲ့ စာသားနဲ့အတူ Screenshot တွေကို လူမှုကွန်ရက်စာမျက်နှာကနေတဆင့် မျှဝေပေးလာခဲ့ပါတယ် ။


အဘလို့လာခေါ်တဲ့ ပရိသတ်ကိုလည်း ငါ့ခြေဖဝါးတောင်နင့်မျက်နှာလို ပါးရေမတွန့်ဘူး လို့ ပြင်းပြင်းထန်ထန်တုံ့ပြန်ခဲ့ပါသေးတယ် ။

တချို့ပရိသတ်တွေကတော့ ဒါလေးပြောတာ ဘာများနစ်နာသွားလို့လဲ ဆိုတဲ့ မှတ်ချက်တွေနဲ့ ဇင်အောင် ကို ဝေဖန်လျက်ရှိပါတယ် ။

Credit Yaung Chi