ပညာမတတ်ခဲ့တဲ့အတွက် Facebook သုံးဖို့တောင် အတော်ခက်ခဲ့ရတဲ့အကြောင်း ပြောပြလာတဲ့ ထက်ထက်မိုးဦး

ထက်ထက်မိုးဦးကတော့ ဆယ်စုနှစ်တစုစာ ပရိတ်သတ်တွေရင်ထဲကို သိမ်းပိုက်နိုင်ခဲ့တဲ့ မင်းသမီးတဦးဖြစ်သလို အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာတဲ့အခါမှာလည်း အားလုံးရဲ့ ချစ်ခင်မှုကို အရင်အတိုင်း ပြန်လည်ရရှိခဲ့တဲ့ ထူးခြားတဲ့ လူချစ်လူခင်မှုကို ပိုင်ဆိုင်ထားသူပါ။



ယခုကိုဗစ်ကာလမှာတော့ မထက်ဟာ သိန်းထောင်နဲ့ချီတန် ကျောက်မျက်ရတနာ ကားနဲ့ အိမ်ခြံမြေတွေကိုပါ Online ကတဆင့် ရောင်းချပေးနိုင်ခဲ့တာဖြစ်ပါတယ် ယနေ့မှာတော့ ထက်ထက်မိုးဦးက သူမအနေနဲ့ ပညာမတတ်ခဲ့တဲ့အတွက် Facebook သုံးဖို့တောင် အတော်ခက်ခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့တာ့ပါ



“ဘဝမှာ ပညာမတတ်ခဲ့တာက မျက်နှာငယ် အားငယ်ခဲ့ရတာတွေ အမှတ်ရစရာတွေအများကြီးပဲ။ဥပမာ စာမတတ်လို့ Facebook ဆိုတာ ကြားသာ ကြားခဲ့ရပြီး မသုံးတတ်ခဲ့ရဘူး သူများပြောတာ ကြည့်တာပဲ နားထောင်ခဲ့ရတယ်။သုံးဖို့လည်း အကြိမ်ကြိမ်ကြိုးစားခဲ့တယ် မအောင်မြင်ခဲ့တာလည်း အကြိမ်ကြိမ်ပါပဲ။



အားလုံးကူညီပေးမှုတွေနဲ့ ထက် Facebook သုံးတတ်ခဲ့တာ ဒီသီတင်းကျွတ်က ၁ နှစ်ပြည့်တယ်ဆိုတော့ ခုဆို ၁ နှစ်ကျော်သွားပြီပေါ့နော်။အားလုံးရဲ့ ချစ်ခင်ဖေးမမှုတွေနဲ့ ထက်အလုပ် တွေကြိုးစားနေရပါတယ်။



ချစ်ရသူတွေရဲ့ ကျေးဇူးတွေကို ဘယ်တော့မှမမေ့ပါဘူး ထက်အမြဲ ချစ်ရသူတွေအတွက် အမြဲကြိုးစားနေပါ့မယ်။”လို့သူမရဲ့ လူမှုကွန်ယက်စာမျက်နှာကတဆင့် မျှဝေလာခဲ့တာဖြစ်ပါတယ်


ထက်ထက်မိုးဦးကတော့ပညာမတတ်ခဲ့တဲ့အတွက် Facebook သုံးဖို့တောင် အတော်ခက်ခဲ့ရတဲ့အကြောင်း ပြောပြလာခဲ့ပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)