
စွတ်စိုတဲ့နေရာတွေမှာပေါက်ရောက်လေ့ရှိတဲ့ မှိုပွင့်တွေဟာ ကောင်းမွန်တဲ့ဟင်းတစ်ခွက်ဖြစ်သလို တစ်ခါတစ်ရံ အန္တရာယ်ရှိတဲ့အဆိပ်ဖြစ်စေတတ်တာကြောင့် သတိပြုသင့်တဲ့အစားအစာပဲဖြစ်ပါတယ်။
မှိုတွေဟာ ကြီးထွားမှုမြန်ဆန်ပြီး ညတွင်းချင်းပေါက်ရောက်တတ်ကြရုံသာမက ပုံစံအမျိုးမျိုးရှိတတ်ပါတယ်။
၎င်းတို့အနက် တချို့မှိုတွေကတော့ စားသုံးချိန်အဆိပ်သင့်တတ်သလို ထိလိုက်ရုံနဲ့အဆိပ်သင့်စေနိုင်တဲ့မှိုအမျိုးအစားများလည်းရှိကြပါတယ်။
မှိုအမျိုးပေါင်း ၆၀ကျော်နီးပါးဟာ အဆိပ်ရှိတယ်လို့ လေ့လာချက်တွေအရသိရှိရပါတယ်။
ဒီလိုအဆိပ်ရှိတဲ့မှိုတွေထဲကမှ လူသေတွေကိုမြှုပ်နှံထားတဲ့နေရာတွေမှာပေါက်ရောက်လေ့ရှိပြီး ထူးဆန်းတဲ့အဆိပ်သင့်ဝိသေသရှိတဲ့မှိုတစ်မျိုးအကြောင်းကိုဖော်ပြပေးချင်ပါတယ်။
ဒီမှိုအမျိုးအစားတွေဟာ အခြားမှိုတွေလိုစားလိုက်ချိန်မှာ မူးဝေအော့အန်ခြင်း ဖျားနာခြင်းမျိုးမရှိဘဲ ဦးနှောက်အာရုံကြောချို့ယွင်းပြီး သွေးရူးသွေးတန်းဖြစ်ကာ အမြင်အာရုံကယောင်ကတန်းဖြစ်ခြင်းကို ခံစားရတယ်လို့သိရပါတယ်။
အဆိုပါမှိုဟာ ထူးဆန်းတဲ့ပုံပန်းသဏ္ဍာန်ရှိပြီး အဆိပ်သက်ရောက်မှုကလည်း အများနဲ့မတူကွဲထွက်နေတဲ့အပြင် ဒီမှုကိုညဘက်မြင်ရုံနဲ့စိတ်အာရုံခြောက်ခြားတတ်တယ်ဆိုတဲ့ ယုံတမ်းစကားတွေလည်းကြားသိရပါသေးတယ်။
ပုံစံရောအသွင်အပြင်ပါဆန်းကြယ်တဲ့မှိုအမျိုးအစားပေါင်းများစွာရှိတဲ့အနက် အခုတင်ဆက်ပေးခဲ့တဲ့မှိုရဲ့အာနိသင်ကတော့ တကယ့်ကို ဆန်းကြယ်တယ်လို့ဆိုရမှာပါပဲ။
အနောက်တိုင်းအယူအဆတွေအရ မှိုတွေဟာ မြွေ ပင့်ကူ စုန်း စတဲ့အမှောင်လောကနဲ့ဆက်စပ်နေတဲ့အရာဖြစ်တာကြောင့် ဗဟုသုတတစ်ရပ်အနေနဲ့ သတိထားကြည့်တာတော့ မမှားဘူးလို့ဆိုရမှာပါပဲ။
ရွှေရောင်လမ်း ( Writer – LLA )