
ပရိသတ်ကြီးရေနန္ဒာလှိုင်က ရုပ်ရည်ရော ခန္ဓာကိုယ်ပါ အလှဆုံး သရုပ်ဆောင် မင်းသမီးတစ်လက်အဖြစ် နာမည်ကြီးခဲ့သူပါ။ အိမ်ထောင်ပြုပြီးနောက်မှာ သူမရဲ့အိမ်ထောင်ရေးမှာပဲ စိတ်နှစ်ပြီး သမီးလေး (၃) ယောက်ကို ထိန်းရင်း အိမ်ရှင်မကောင်းတစ်ယောက်အဖြစ် သူမရဲ့ဘဝ ကိုအေးအေးဆေးဆေး တည်ဆောက်နေသူပါနော်။
အနုပညာလောကမှာအောင်မြင်ခဲ့ရုံသာမက အိမ်ထောင်ရေးမှာလည်း ခင်ပွန်းရဲ့အလိုလိုက်မှု သိတတ်မှု ဂရုစိုက်မှုတွေကို ရရှိကာ သာယာပျော်ရွှင်အေးချမ်းတဲ့ အိမ်ထောင်သည်ဘဝလေးကိုပိုင်ဆိုင်ထားတာပါ။
အမြဲအိမ်ထောင်ရှင်မတာဝန်ကိုကျေပွန်သလို အမြဲ မိဘဆရာသမားတွေအပေါ်များလည်း သိတတ်လွန်း သူတစ်ယောက်ပါ။
ဒီနေ့မှာတော့ ”ဘယ်ကတည်းကပြောချင်နေလဲမသိပါဘူး🙄အသာလုပ်ပါ 7 day ရယ် 😆စည်းကမ်းမလိုက်နာ တာတွေရောညံ့ဖျင် းတာတွေရောစုံနေတာဘဲတရားဝင်ထွက်တဲ့စာတင်ထားပေးတယ်နော်။ရထားတာကြာပါပြီ လုပ်မှသိပ်မလုပ်ဖြစ်တာ အလုပ်မလုပ်လို့သိမ်းတာမထူးဆန်းပါဘူးနော်။ ” ဆိုကာ သူမရဲ့ လုပ်ငန်းနဲ့ပန်သက်ပြီး သတင်းတင်ထားတဲ့ မီဒီယာတစ်ခုကိုနိုက်ရိုက်ပြောလာခဲ့တာပါ။
ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံး သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
Credit Cele Chit Thu