ဗိုက်ထဲကသားလေးပြုံးပြနေတဲ့ ပုံလေးတွေကိုကြည်နူးပီတိဖြစ်စွာထုတ်ပြလိုက်တဲ့ မိုးယုစံ

မင်းသမီးချောလေး မိုးယုစံကတော့ တစ်ကိုယ်လုံးမှာ အပြစ်ဆိုဖွယ်ရာမရှိအောင် စင်းလုံးချောလှပနုနယ်သူလေးတစ်ယောက်ပဲ ဖြစ်ပါတယ်။ မိုးယုစံကတော့့ အိမ်ထောင်ရှင် အမျိုးသမီးဖြစ်လို့နေပြီဆိုပေမယ့် သူမ မြတ်နိုးတဲ့ အနုပညာအလုပ်တွေကို လုပ်ကိုင်နေပြီး သူမရဲ့ မိသားစုလေးကိုလည်း သာယာအေးချမ်းဖွယ်ဖြစ်အောင် တည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။


ပရိသတ်တွေကလည်း မိုးယုစံအပြင် မိုးယုစံရဲ့ ချစ်စရာကောင်းတဲ့ မိသားစုလေးကိုပါ ချစ်ပေးကြတာပဲ ဖြစ်ပါတယ်။အခုဆိုရင် သားကြီးကောင်းသိင်္ခမိုးသူအပြင် နောက်ထပ်သားလေးတစ်ယောက်ကိုပါ ပိုင်ဆိုင်ခွင့်ရရှိခဲ့ပြီဖြစ်တဲ့ မိုးယုစံက သူမရဲ့ ဒုတိယမြောက် ကိုယ်ဝန်ကို လွယ်ဆောင်ထားရပြီ ဖြစ်ပါတယ်။



မိုးယုစံကတော့ သားငယ်လေးရဲ့ ကိုယ်ဝန်ကိုလွယ်ဆောင်ထားတာ (၂၉) ပတ်အချိန်တောင်ရှိခဲ့ပြီး ဗိုက်ထဲမှာရှိနေတဲ့သားလေးကို မြင်တွေ့ခွင့်ရခဲ့ပြီဖြစ်ပါတယ်။ မိုးယုစံကတော့ သားငယ်လေးရဲ့ 4D Ultersound ပုံလေးကို ပြသပြီး မေမေ့ရဲ့ ဗိုက်ထဲမှာတင် ပြုံးယောင်ယောင်လေးနဲ့ ချစ်စရာကောင်းနေတာကို အခုလိုပဲ ပြသလာပါတယ်။



မိုးယုစံကတော့ ချစ်စရာကောင်းတဲ့ သားကြီး ကောင်းသိင်္ခမိုးသူအပြင် နောက်ထပ်သားချောလေးတစ်ယောက်ကိုလည်း ပိုင်ဆိုင်ရတော့မှာပဲ ဖြစ်ပါတယ်။



ပရိသတ်ကြီးလည်း မေမေ့ရဲ့ ဗိုက်ထဲမှာတင် ချစ်စရာကောင်းနေတဲ့ မိုးယုစံရဲ့သားငယ်လေးကိုကြည့်ပြီး သဘောကျနေကြမယ် ထင်ပါတယ်နော်။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

Credit Cele Connection