အုတ်မြစ်ချစရာ မလိုဘဲ ၃ နာရီအတွင်း တည်ဆောက်နိုင်မယ့် အိမ်တွေကို ဝယ်ယူနိုင်တော့မယ်

သာယာတဲ့ပတ်ဝန်းကျင် လှပတဲ့ရှုခင်းလေးတွေမှာ အမိုးအကာခိုင်ခိုင်ခံ့ခံ့နဲ့ အိမ်လှလှလေးတစ်လုံးလိုချင်တဲ့စိတ်ကူးလေးကို လူတိုင်းတစ်သက်မှာတစ်ခါတော့စိတ်ကူးဖူးကြမှာပါ။

အခုတစ်ခေါက် Brette Haus ကုမ္ပဏီကနေပြီး ထုတ်လုပ်လိုက်တဲ့ ခေါက်သိမ်းနိုင်တဲ့နေအိမ်တွေဟာ ပေါ့ပေါ့ပါးပါး နွေရာသီအပန်းဖြေအိမ်ဆောက်ချင်သူတွေ ရှုခင်း ကောင်းကောင်းမှာ ခဏတာနေအိမ်လေးဆောက်ပြီး အနားယူလိုသူတွေ အိမ်မှာပဲရုံးခန်းဖွင့်ချင်သူတွေအတွက် ရည်ရွယ်ပြီးထုတ်လုပ်ထားတဲ့ အလွယ်တကူခေါက်သိမ်းနိုင်တဲ့ အိမ်မျိုးအစားလေးတွေပဲဖြစ်ပါတယ်။

 

အုတ်မြစ်ချစရာမလိုပဲ ၃နာရီအတွင်း ခိုင်ခံ့တဲ့အိမ်လေးတစ်လုံးရရှိနိုင်မယ့်အပြင် ကောင်းမွန်တဲ့ တံခါးပတ္တာစနစ်တွေ ပြန်လည်အသုံးပြုလို့ရတဲ့သဘာဝပစ္စည်းတွေ ပုံစံအမျိုးမျိုးပြောင်းလဲရလွယ်ကူတဲ့ အခန်းဖွဲ့စည်းပုံ အပြင်အဆင်တွေနဲ့ ဖန်တီးထားတယ်လို့ သိရပါတယ်။

အမိုးအကာခိုင်ခံ့ရုံတင်မကဘဲ ဝါယာကြိုးတွေနဲ့ ရေပိုက်စနစ်တွေကိုပါ ထည့်သွင်းပြင်ဆင်ပေးထားပြီး အသုံးပြုထားတဲ့သစ်သားတွေကလည်း သဘာဝနဲ့ကိုက်ညီအောင် ပြုလုပ်ထားတယ်လို့သိရပါတယ်။

ထူးခြားချက်တစ်ခုက တခြားခေါက်အိမ်အမျိုးအစားတွေလိုစျေးကြီးကြီးပေးဖို့မလိုပဲ လူအများတတ်နိုင်တဲ့ 800 ယူရို ကနေ စတင်ပြီး အစားစားရောင်းချပေးထားတာပဲဖြစ်ပါတယ်။

မှာယူမယ်ဆိုရင်တော့ ၈ပတ်သာကြာမြင့်မယ်လို့ကြေညာထားပြီး ဒီခေါက်အိမ်လေးကို ပို့ဆောင်ရာမှာလည်း သင်္ဘောနဲ့သယ်သယ် ကားနဲ့သယ်သယ် လွယ်ကူအဆင်ပြေအောင်ဖန်တီးပေးထားတယ်လို့ ကုမ္ပဏီကတရားဝင်ကြေညာထားပါသေးတယ်။

ရွှေရောင်လမ်း ( Writer – LLA )