ဖျက်ချခံရတဲ့ဒဏ်တွေကြောင့် ခွဲစိတ်ကုသဖို့ လိုနေတဲ့သားငယ်လေးရဲ့ ဆေးစစ်ချက်အဖြေကို ပြောပြလာတဲ့ မေမေခိုင်နှင်းဝေ

လူငယ်ချင်းမှားမိရာကနေ ကိုယ်ဝန်ဆောင်ခဲ့ရတာကြောင့် ကလေးကိုဖျက်ချဖို့လုပ်ခဲ့ပေမယ့် လူဖြစ်ချင်တဲ့ကလေးငယ်ဟာ လူ့လောကထဲကိုမရောက်ရောက်အောင်ဝင်လာနိုင်ခဲ့ပါတယ်။


သို့ပေမယ့်လည်း ဖျက်ချခံခဲ့ရတဲ့ဒဏ်တွေကြောင့် အောက်မေးရိုး ပါမလာဘဲ အင်္ဂါမစုံဖြစ်ခဲ့ရ ပါတယ်။ မိခင်ကတော့ ကလေးမွေးပြီးပြီးချင်း ထားသွားခဲ့ပေမယ့် စာနာစိတ်အပြည့်ရှိတဲ့ မေမေခိုင်နှင်းဝေက ခေါ်ယူစောင့်ရှောက်ပေးခဲ့ပါတယ်။



ကလေးအတွက်လိုအပ်တဲ့ခွဲစိတ်မှုတွေပြုလုပ်ရမှာဖြစ်လို့ ကလေးရဲ့အဓိကခံနိုင်ရည်ဖြစ်တဲ့ နှလုံးကိုစမ်းသပ်တဲ့အချိန်မှာတော့ ဘာပြဿနာမှမရှိဘဲ အဆင်ပြေပြေခွဲစိတ်နိုင်တော့မှာမို့ မေမေခိုင်နှင်းဝေကတော့ အပျော်ကြီးပျော်နေခဲ့ပါတယ်။



ကလေးငယ်လေး ရဲ့ဘဝလည်း ဒီထက်ပိုပြီးလှပလာတော့မှာမို့ အားလုံးကလည်း ဝမ်းသာပီတိဖြစ်နေခဲ့ပါတယ်။သားလေးကိုစမ်းသပ်စဉ်ကပုံရိပ်တစ်ချို့ကို ” ဝမ်းသာစရာသတင်းကောင်းလေးပါ ခွဲစိတ်မှု ပြုလုပ်ရန် အဓိကကျတဲ့ နှလုံးကို (Echocardiogram) ရိုက်၍ သွားစစ်ဆေးရာ နှလုံးနဲ့ ပတ်သက်ပြီး ဘာပြသာနာမှမရှိပါရှင်



ရင်တထိတ်ထိတ်နဲ့ သွားရောက်စစ်ဆေး ခဲ့ရသော်လည်း ခုနှစ်ရက်သားသမီးများရဲ့ မေတ္တာဆုတောင်းကြောင့် နောက်တစ်ဆင့်သို့ တက်လှမ်းရန် အဆင်သင့်ဖြစ်သွားပါပြီရှင် ” ဆိုပြီး ဝေမျှခဲ့ပါတယ်။ ဝဋ်ကြွေးတွေရှိရင်လည်း အမြန်ဆုံးကြေပါစေ ကလေးရေ။

Credit Cele Zone