နေရေးထိုင်ရေးအဆင်မပြေရှာတဲ့ အသက် ၈၂ နှစ်အရွယ်အဖွားအိုကိုအိမ်ဆောက်ပေးခဲ့တဲ့ သရုပ်ဆောင် ခင်ဝင့်ဝါ

အနုပညာလောကမှာရှိတဲ့ ညီအစ်ကိုမောင်နှမတွေနဲ့ ပရိသတ်တွေက ခေးလို့ ချစ်စနိုး ခေါ်တဲ့ သရုပ်ဆောင်ခင်ဝင့်ဝါကတော့ လတ်တလောမှာ ပရဟိတလုပ်ငန်းတွေကို လုပ်ကိုင်နေတာတွေ့ရပါတယ်။



လက်ရှိမှာတော့ အသက် ၈၂ နှစ်အရွယ် အဖွားအိုတစ်ဦးကို နေထိုင်ဖို့ အိမ်လေး တစ်လုံးကို ဆောက်လုပ်လှူဒါန်းပေးခဲ့တယ်လို့ သိရပါတယ်။



အဖွားကတော့ နဘဲကွင်းကျေးရွာမှာတစ်ဦးတည်းလမ်းဘေးကကျူးမြေလေးမှာ နေထိုင်ပြီး၊ မပြည့်စုံစွာနဲ့ နေဝင်ချိန်ကိုစောင့်နေရ သူတစ်ဦးဖြစ်ပါတယ်။



အဖွားဒေါ်အေးမြင့်အတွက် သရုပ်ဆောင်ခင်ဝင့်ဝါက သပ်ရပ်လှပနွေးထွေးတဲ့ အိမ်လေး တစ်လုံးကို ဆောက်လုပ်လှူဒါန်း ပေးခဲ့ တာဆိုရင် တကယ်ကို ကြည်နူးစရာ ကောင်းပါတယ်။
ဒီအလှူလေးအတွက် ကိုလည်း ပရိသတ်တွေက သာဓုခေါ်ပေးခဲ့ကြပါတယ်။

Credit MyanmaPlatform