ထွန်းကိုကိုအား နာရေးကူညီမှု အသင်းရဲ့ အတွင်းရေးမှူးရာထူး ခန့်အပ်ကြောင်း ကြေငြာလိုက်တဲ့ ဦးကျော်သူ

နာရေးကူညီမှုအသင်း(ရန်ကုန်) ရဲ့ အတွင်းရေးမှူးဒေါ်ရွှေဇီးကွက်က သူ့ရဲ့ရာထူးကို သရုပ်ဆောင်ထွန်းကိုကိုအားပေးအပ်လွှဲပြောင်း လိုက်တယ်လို့ သိရပါတယ်။



ဒီအကြောင်းကိုတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) ဥက္ကဌဦးကျော်သူက အသိပေးခဲ့တာဖြစ်ပါတယ်။



“ ယခင်က အတွင်းရေးမှူးနေရာတွင် ကျွန်တော်၏ပါရမီဖြည့်ဖက် ရွှေဇီးကွက် ပါဝင်ခဲ့ သော်လည်း သူမသည် ယခုအခါ၌ ဘာသာရေးအား အဓိက ကျင့်ကြံကြိုးကုတ်လိုသော ဆန္ဒဖြင့် အသင်းကြီးအားအကြံပေး BOD အဖွဲ့ဝင် တာဝန်နေရာမှ ပေးဆပ် ကာယခု ၂၀၂၁ ခု နှစ်သစ်မှ စတင်ကာ မော်ဒယ်၊သရုပ်ဆောင်ကိုထွန်းကိုကို အားသူမမှ ဆန္ဒပြုပေးခဲ့သလို (BOD) အဖွဲ့ဝင် များ၏သဘောတူညီချက်ဖြင့် နေရာပေးခဲ့ပြီဖြစ်သည်” လို့ ဥက္ကဌဖြစ်သူ ဦးကျော်သူက အသိပေးရေးသား ထားတာ ဖြစ်ပါတယ်။



နားရေးကူညီမှုအသင်း(ရန်ကုန်) မှာလုပ်အားပေးနေကြတဲ့ သူတွေအားလုံး ဟာလစာ မဲ့ဖြစ်ပြီး၊ မိမိကိုယ်ကျိုးအတွက်မဟုတ်ဘဲ လာရောက်ကူညီပေးနေကြသူ တွေဖြစ်ပါ တယ်။



ဆက်လက်ပြီး ဥက္ကဌဖြစ်သူဦးကျော်သူက “လစာမဲ့၍ အချိန်ပြည့်စဉ်ဆက်မပြတ်လာ ရောက်ပေးဆပ်နေကြသော အခမဲ့ဥက္ကဌ နှင့် အခမဲ့ အတွင်းရေးမှူး အနုပညာညီအစ်ကို နှစ်ယောက်မှ (၂၀၂၁) ခုနှစ်သစ်အား ကြိုဆိုနူတ်ခွန်းဆက်ရင်းဖြင့် အများပြည်သူလူထု တို့အား အမိမြန်မာပြည်ကြီးအတွက် အုတ်တစ်ချပ် သဲတစ်ပွင့် ပေးဆပ်မှုများပြုပေး ရင်းဖြင့် မိမိတို့ ၏ သံသရာအတွက်ပါရှိမည့် ကုသိုလ်ထုပ် များအား အတူတကွစတင် ထုပ်ပိုးနေပြီဖြစ်ပါကြောင်း ချစ်သူ၊မုန်းသူအားလုံးအား အသိပေးလိုက်ရပါသည်” လို့ ထပ်မံရေးသားထားပါသေးတယ်


သရုပ်ဆောင်၊မော်ဒယ်ထွန်းကိုကိုကတော့ ပရဟိတလုပ်ငန်းတွေကို အရင်ကတည်း ကလုပ်ဆောင်ခဲ့ပေမယ့်၊ နောက်ပိုင်းမှာတော့ နာရေးကူညီမှုအသင်း (ရန်ကုန်) မှာ ပင်တိုင်လုပ်အားပေးဝန်ထမ်းအနေနဲ့ လုပ်ဆောင်နေတာကို တွေ့ရတာဖြစ်ပါတယ်။

Credit Myanmar Platform