ကောင်မလေးတစ်ယောက်နဲ့ကြည်နူးနေတဲ့ပုံရိပ်လေးတွေကို ရုတ်တရက်ထုတ်ပြလာတဲ့ G Fatt

G Fatt ဟာ Shwe FM က ဆုချီးမြှင့်တဲ့ “Facebook Page ကနေ ပရိသတ်သီချင်းတောင်းဆိုမှု အများဆုံးအမျိုးသားတေးသံရှင်ဆု” ကိုလည်း “အကယ်၍ လက်ထပ်ခဲ့ကြရင်” ဆိုတဲ့ သီချင်းနဲ့ ရရှိထားသူဖြစ်ပါတယ်။ သူဟာ လက်ရှိ လူငယ်အဆိုတော်တွေကြားမှာ အောင်မြင်မှုများစွာ ရရှိနေတဲ့ အဆိုတော် တစ်ယောက်ဆိုရင်လည်း မမှားပါဘူး။



G Fatt ကိုတော့ 8 day 8 month 8 hour ဆိုတဲ့ သီချင်းကနေ ပရိသတ်တွေ စတင်သိရှိလာတာဖြစ်ပါတယ်။ အဲ့ဒီနောက် တေးစီးရီးအခွေတွေမှာလည်း ပါဝင်သီဆိုလာရသူ တစ်ယောက်ပါ။ G Fatt ဟာ ပထမဆုံး တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ဂျင်’’ တေးစီးရီးကို ထွက်ရှိထားပါတယ်။ ဒုတိယမြောက် တစ်ကိုယ်တော်အခွေ အနေနဲ့ ‘’ 120/B’’ အခွေလည်း ထွက်ရှိထားပါတယ်။



G fattကတော့ လူငယ်ပီပီအရမ်းကြိုးစားတာကြောင့် တေးသီချင်းလောကမှာ နေရာတစ်နေရာကနေ ရပ်တည်နေပြီး အောင်မြင်မှုတွေကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။အခုဆိုရင်တော့ G Fattက ပရိသတ်တွေအံ့အားသင့်သွားအောင်လို့ ကောင်မလေးတစ်ယောက်နဲ့ကြည်နူးနေတဲ့ပုံလေးတွေကို တင်ပေးလာတာဖြစ်ပါတယ်။



ပရိသတ်တွေကလည်း G Fatt နောက်ထပ်သီချင်းအသစ်လေးအတွက် MVရိုက်နေတယ်လို့ ထင်ကြေးပေးကြပြီး သူ့အတွက်ပျော်ရွှင်နေကြတာဖြစ်ပါတယ်။



GFattတို့နှစ်ယောက်ရဲ့ ကြည်နူးနေတဲ့ပုံရိပ်လေးတွေက ဘာအတွက်ဖြစ်မလဲဆိုတာကို ပရိသတ်ကြီးလည်း ခန့်မှန်းရင်း နောက်ထပ်သီချင်းအသစ်လေးကို စောင့်မျှော်လိုက်ရအောင်နော်။