အနုပညာသမားအချင်းချင်းအနိုင်ကျင့်ခံရတာကြောင့် Live လွှင့်ကာ ရှိုက်ကြီးတငင် ငိုကြွေးခဲ့တဲ့ သရုပ်ဆောင် ရွှေစင်

သရုပ်ဆောင်ရွှေစင်ကတော့ သူမရဲ့ ချစ်စရာကောင်းတဲ့ အပြုံးလေးနဲ့ ခန္ဓာကိုယ်ကောက်ကြောင်းအလှတွေက ပုရိသတွေကို ဆွဲဆောင်နေတဲ့ ထူးခြားမှုတွေပဲ ဖြစ်ပါတယ်။


သူမရဲ့ ဆက်ဆီ ကျ ကျ အမိုက်စားပုံလေးတွေဟာ ဆိုရင်လည်း ဖေ့ဘွတ်စာမျက်နှာပေါ်တွင် ရေပန်းစား လူကြိုက်များတာ ခဲ့တာလည်းတွေ့ရပါတယ်။

မနေ့ညကတော့ ရွှေစင်တစ်ယောက် သူမရဲ့လူမှုကွန်ယက်မျက်နှာထက်မှာ Live လွှင့်ပြီး ရှိုက်ကြီးတငင်ငိုကြွေးခဲ့တာ ဖြစ်ပါတယ် ။ ရွှေစင်ကတော့ သူမခံစားနေရတဲ့ ဝမ်းနည်းမှုတွေကို ပရိသတ်တွေသိအောင် ရင်ဖွင့်ပြောပြရင်းနဲ့ ငိုယိုခဲ့တာ ဖြစ်ပါတယ် ။



ရွှေစင်က သူမအပေါ်မှာ အနုပညာသမားအချင်းချင်း လုပ်ရက်တာကြောင့် အရမ်းခံစားရပေမယ့် အနုပညာလောကကိုအပြောခံရမှာစိုးလို့ အဖြစ်မှန်ကို အားလုံးသိအောင် ပြောမပြနိုင်ဖြစ်ပြီး ဝမ်းနည်းနေတာပဲ ဖြစ်ပါတယ် ။



ရွှေစင်က “အနုပညာသမားချင်းချင်းလုပ်ရက်ပေမယ့် ဇင်ကတော့ခုထိပွင့်ပွင့်လင်းလင်းပရိသတ်ကို ပြောမထွက်ခဲ့ဘူး နင်တို့အနုပညာလောကကြီးကဆိုတဲ့ စကား အပြောခံရမှာ စိုးရိမ်ပေးခဲ့တာလေ” ဆိုပြီး Live လွှင့်ခဲ့တာ ဖြစ်ပါတယ် ။



ရွှေစင်က သူမအနေနဲ့ အနုပညာသက်တမ်းတစ်လျှောက်လုံး ဝေဖန်တိုက်ခိုက်မှုတွေ၊ အချင်းချင်းထိုးနှက်မှုတွေ၊ခေါင်းပုံဖြတ်မှုတွေကို ခံခဲ့ရပေမယ့် အရမ်းသည်းခံခဲ့ကြောင်းကိုလည်း ပြောပြခဲ့ပါသေးတယ်။ ကဲ Live လွှင့်ပြီး သူမရဲ့ခံစားချက်တွေကို ဖွင့်ပြောပြကာ အရမ်းငိုကြွေးနေတဲ့ မင်းသမီးလေးရွှေစင်ရဲ့ဗီဒီယိုလေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။