ချစ်သူမြန်မာမလေးစုစုဝေနဲ့ စေ့စပ်လိုက်ပီဆိုတဲ့အကြောင်း ပရိတ်သတ်ကိုပြောပြလာတဲ့ ဂျာမနီနိုင်ငံသားအဆိုတော် Mikis

အချစ်မှာ ကန့်သတ်ချက်တွေမရှိဘူးဆိုတဲ့စကားအတိုင်း ဂျာမနီနိုင်ငံသားအဆိုတော်လေးကတော့ သူ့ရဲ့ လူမျိုးတူတဲ့ မိန်းကလေးကို ချစ်သူအဖြစ်မရွေးချယ်ပဲ မြန်မာနိုင်ငံသူလေး စုစုဝေကို ဘဝလက်တွဲဖော်အဖြစ် ရွေးချယ်ခဲ့သူတစ်ယောက် ဖြစ်ပါတယ်။



စုစုဝေနဲ့ Mikis တို့က ချစ်သူသက်တမ်း (၂) နှစ်ကျော်တိုင် သာယာပျော်ရွှင်တဲ့ ချစ်သူတွေအဖြစ် လက်တွဲခဲ့ကြပြီး နှစ်ဖက်မိဘဆွေမျိုးတွေနဲ့ ပရိသတ်တွေကိုလင်း ပွင့်ပွင့်လင်းလင်း အသိပေးထားခဲ့တာပဲ ဖြစ်ပါတယ်။



ပရိသတ်တွေကတော့ ကွဲပြားခြားနားချက်တွေအများကြီးရှိပေမယ့် တစ်ယောက်ကိုတစ်ယောက် သိပ်ချစ်ကြတဲ့ Mikis နဲ့ စုစုဝေတို့ရဲ့ အချစ်ရေးလေးကို စိတ်ဝင်တစားရှိကြတာပဲ ဖြစ်ပါတယ်။



ပရိသတ်တွေအတွက် အမြဲတမ်း ပျော်ရွှင်ကြည်နူးစေမယ့် အကြောင်းအရာလေးတွေကိုပဲ ဝေမျှပေးလေ့ရှိတဲ့ Mikis နဲ့ စုစုဝေက ဒီတစ်ခေါက်မှာလည်း သူတို့နှစ်ယောက်ရဲ့ ဝမ်းသာစရာ သတင်းလေးကို မျှဝေပေးလာပြန်ပါတယ်။


အဲ့ဒါကတော့ Mikis က သူချစ်ရတဲ့ မြန်မာမလေး စုစုဝေနဲ့ စေ့စပ်လိုက်ပြီဖြစ်ကြောင်း သူ့ရဲ့ ဖေ့စ်ဘုတ်စာမျက်နှာကနေတဆင့် ပရိသတ်တွေနဲ့ ခင်မင်ရသူတွေကို အသိပေးလာခဲ့တာပဲ ဖြစ်ပါတယ်။


Mikis နဲ့ စုစုဝေတို့ကတော့ စေ့စပ်လိုက်ကြပြီဆိုတော့ သူတို့နှစ်ယောက်ရဲ့ မင်္ဂလာသတင်းလေးက ကြားရဖို့ သိပ်လိုတော့မယ် မထင်ပါဘူးနော်။ Mikis နဲ့ စုစုဝေတို့ ချစ်သူနှစ်ယောက် အမြန်ဆုံး ရွှေလက်တွဲ လက်ထပ်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။

Credit Cele Connections