ဗေဒင်လက္ခဏာ ဆရာကြီးတစ်ဦး ပြောပြတဲ့ သူဌေးဖြစ်မယ့်သူရဲ့ လက်ပုံစံ

လူအများစုသည် လက်ဝါးပြတ်ဆိုလျင်အင်မတန်ကြောက် အင်မတန်ရှောင်ကြ၏။

ဘယ်လောက်ထိကြုံခဲ့ဖူးလဲဆိုရင်…သူ့သမီးနှင့်ယူမည့်လူ အားလုံးခေါင်းငြိမ့်သဘောတူပြီးမှ လက်ဝါးပြတ်ဖြစ်နေ၍ခါးခါးသီးသီးငြင်းလိုက်တာမျိုးလက္ခဏာ ဗေဒင်ဟောသက် ၂၂ နှစ်ကျော်အတွင်း သုံးလေးဦးကြုံဖူးပါသည်။

Credit – Dr.Myint Win(Ph.D)

ယခုလက္ခဏာရှင်သည် လက်ဝါးပြတ်ဖြစ်၏။

ပထမအရွယ်မကုန်သေးအသက်ငယ်သေး၏။

သို့သော်ချမ်းသာ၏။ပြီးခဲ့တဲ့သုံးလေးရက်ကဤပုဂ္ဂိုလ်ကိုဟောဖို့အလှည့်ရောက်၏။မန္တလေးမြို့ကြီးကဖြစ်၏။

(၁) အနီရောင်ဖြင့်ပြထားသော လက်ဝါးပြတ်ဖြစ်နေသော်လည်း လက်မသည်လက်မတင်းပုတ် ပုတိုတိုလက်မမျိုးမဟုတ်သောကြောင့် လက်ဝါးပြတ်ဟုမသတ်မှတ်ပါ။

(၂) ထိုလက်ဝါးပြတ်သည် အနက်ရောင်ဖြင့် ဆွဲပြထားသောစိန်သရဖူအကြီးစားဖြင့် အတူတွဲဖြစ်နေခြင်း အဝါရောင်ဖြင့်ဆွဲပြထားသော အောင်မြင်ကျော်ကြားလမ်းကြောင်း ပါနေခြင်းတို့ကြောင့် လက်ဝါးပြတ်မဟုတ်ကြောင်း ထပ်၍ သက်သေပြနေပြန်၏။

(၃) လက်သူကြွယ်အောက်တွင် အဖြူရောင်ဖြင့် ဆွဲပြထားသောအလံတိုင် သင်္ကေတအဝါရောင်ဖြင့် ဆွဲပြထားသောတြိဂံ ၂ ထပ်နှင့် ခက်ရင်းခွတို့ပါနေ၏။

ယခုဆိုခဲ့ပြီးသောအချက်အားလုံးသည် ကျိကျိတက်ချမ်းသာမည့်ပုဂ္ဂိုလ်ဖြစ်ခြင်းစီးပွားရေးနယ်ပါယ်မှာ နာမည်ကောင်းတစ်လုံးဖြင့်ရပ်တည်ရမည်ဖြစ်ခြင်း အလုပ်တွေ သုံးလေးမျိုးမကလုပ်ခြင်း သားသမီးတို့ကိုပါ ပညာအမွေ၊ ဥစ္စာအမွေ၊ဂုဏ်သိက္ခာအမွေတို့ ပေးသွားမည်ဖြစ်၏။

အားကျစရာကောင်းလောက်အောင် ကြွယ်ချမ်းသာမည့် ဘဝမျိုးရောက်မည်။ထင်ပေါကျော်ကြား စီးပွားရေးသမားဘဝမျိုးရောက်မည်။

Credit – Dr.Myint Win(Ph.D)

ဇွဲလုံ့လဝိရိယကောင်းသူ ဖြစ်ခြင်းစိတ်ဓာတ်ပြတ်သားခိုင်မာခြင်း လုပ်ငန်းကြီးတို့ကို ပိုင်ပိုင်နိုင်နိုင်အောင်မြင်အောင် လုပ်ပြနိုင်သူဖြစ်မည်။ ဤပုဂ္ဂိုလ်၏မွေးဇာတာသည်လည်းထူးခြားသော ရာသီ၊ဂြိုဟ်၊နဝင်းတို့ဖြင့်ဖွဲ့စည်းထား၏။

(၁) ကုန်သည်ရာသီ၊ စီးပွားရေးသမား ရာသီချိန်ခွင် ရာသီတွင် လဂ်…ရပ်တည်၏။

(၂) တနင်္ဂနွေဂြိုလ် ဥုစ်ရထားပြီး ဓနုရာသီနဝင်းပြန်စီးထား၏။

(၃) တနင်္လာဂြိုဟ် ဥုစ်နဝင်းစီးထား၏။

(၄) တရုတ်ရိုးရာ ရာသီဖွားအရလည်း ဆိတ်နှစ်ဖွား””သတ္တုဆိတ်နှစ်ဖွား””ဖြစ်နေ၏။

(၅) လက်ကလဲ….ဘယ်လက်ဘယ်လက်မှာ ပါသောအမှတ်အသားတွေ ဖြစ်နေ၍ ပို၍ ပို၍ကောင်းပါသည်။

ဘယ်ဥပဒေ ဘယ်နည်း စနစ်ဘက်က ဆိုဆိုအကြီးအကျယ်ချမ်းသာကြွယ်ဝလိမ့်မည်။

Credit – Dr.Myint Win(Ph.D)

ယခုဆောင်းပါးကို Dr.Myint Win(Ph.D) ရေးသားထားချက်အား ပြန်လည်မျှဝေလိုက်ခြင်း ဖြစ်ပါသည်။ ကျေးဇူးတင်ပါသည်။