ကမ္ဘာ့ရုပ်အချောဆုံး မင်းသား နံပါတ် ၁၀ အဖြစ် သတ်မှတ်ခံလိုက် မြန်မာနိုင်ငံက ပိုင်တံခွန်

စကားသံဝဲဝဲလေးနဲ့ ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက်ထားတဲ့ သူလေးကတော့ ပိုင်တံခွန် ပဲဖြစ်ပါတယ်။မိန်းမလှလေးတွေရဲ့ သည်းသည်း လှုပ်ချစ်တာကို ခံနေရပြီး ရင်းနှီးဖော်ရွှေ တဲ့ အပြုံးတွေနဲ့ အနုပညာအလုပ်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားနေတဲ့ မင်းသားချောလေး ပဲ ဖြစ်ပါတယ်။စတိုင်က စမတ်ကျပြီး တည်ကြည်ခန့်ညားတဲ့ ရုပ်ရည်လေးကြောင့် ပရိသတ်တွေက အချစ်ပိုနေရတာ ဖြစ်ပါတယ်။



ပိုင်တံခွန်ကတော့ တိရစ္ဆာန်လေးတွေကို သားသမီးလို ချစ်တတ်ပြီး သနားကြင်နာတတ်တဲ့ စိတ်ထားလေးရှိတဲ့ သူလေးဖြစ်ပါတယ်။ပြည်တွင်းက ပရိသတ်တွေရဲ့ အားပေးခြင်းကိုသာမကပဲ ထိုင်း၊ ကမ္ဘောဒီးယား၊ ဂျပန်၊ လာအိုစတဲ့ အိမ်နီးချင်း အာရှနိုင်ငံတွေဆီမှာပါ အားပေးသူ ပရိသတ် အများအပြားကို ရရှိပိုင်ဆိုင်ထားပြီးကမ္ဘာကသိတဲ့ မြန်မာမင်းသားတလက်အဖြစ် ကျော်ကြားနေခဲ့တာပါ



ယနေ့မှာတော့ ပိုင်တံခွန်က သူ့ပရိသတ်တွေအားလုံးဂုဏ်ယူရမယ့် TC Candler ရဲ့ The Most Handsome Face Of 2020 မှာ ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် ဖော်ပြမှုကို ခံခဲ့ရတာဖြစ်ပါတယ်



ကမ္ဘာ့နိုင်ငံအသီးသီးမှ နာမည်ကြီး အမျိုးသား အနုပညာရှင်တွေကို ကျော်ဖြတ်ပြီး ကမ္ဘာ့အချောမောဆုံး အမျိုးသားအဖြစ် နံပါတ် (၁၀) မှာ ရပ်တည်ခဲ့တာပဲ ဖြစ်ပြီး တကယ့်ကို ဂုဏ်ယူစရာ ကိစ္စတစ်ခုဖြစ်လာခဲ့တာပါ



ပိုင်တံခွန်ကတော့ ကမ္ဘာ့ရုပ်အချောဆုံး မင်းသား နံပါတ် ၁၀ အဖြစ် သတ်မှတ်ခံလိုက်ရတာပဲဖြစ်ပါတယ် ပရိသတ်ကြီး ဂုဏ်ယူနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)