မို့မို့မြင့်အောင် နဲ့ အတိုက်အခံ ဖြစ်ရတဲ့ အကြောင်းကို ပြောပြလာတဲ့ တူမ​ဖြစ်သူ ဝါဆိုမြင့်အောင်

ငယ်စဉ်ကတည်းက ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အခိုင်အမာရရှိထားသူတွေထဲမှာ အကယ်ဒမီသရုပ်ဆောင် မို့မို့မြင့်အောင်ရဲ့ တူမချောလေး ဝါဆိုမြင့်အောင်ကလည်း အပါအဝင်ပါပဲ..။



ချစ်စရာကောင်းတဲ့ ဟန်ပန်လေးနဲ့ အပြုံးချိုချိုလေးတွေအပြင် သရုပ်ဆောင်ပီပြင်မှုတွေကြောင့် ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို ရရှိထားသူလေးဆိုလည်း မှားပါဘူးနော်..။



“ဝလုံးလေးဝိုင်းဝိုင်းရေး” “ပစ်တိုင်းထောင်” စတဲ့ ကလေးချော့တေးသီချင်းလေးတွေမှာ မို့မို့မြင့်အောင်နဲ့အတူ သရုပ်ဆောင်ရင်း ပရိသတ်တွေရင်ထဲ ရောက်ရှိလာသူလေးလည်း ဖြစ်ပါတယ်နော်..။



ယခုရက်ပိုင်းမီဒီယာတွေ့ဆုံမှုတစ်ခုမှာတော့ ဝါဆိုမြင့်အောင်က အနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်ခြင်းမရှိတာကြောင့် အဒေါ်ဖြစ်သူ မို့မို့မြင့်အောင် နဲ့ အတိုက်အခံ ဖြစ်ရတဲ့ အကြောင်းကို ပြောပြလာခဲ့တာဖြစ်ပါတယ်


“ အနုပညာအလုပ်မဟုတ်ပဲ အပြင်အလုပ်ကို ရွေးချယ်လိုက်တော့ အမေမွှေးနဲ့ အတိုက်အခံ ဖြစ်ရတယ်။ အမေ မွှေးဆို အမြဲပြောတယ် “ မြင့်အောင်” ရဲ့ မျိုးဆက်မှာ ဆိုဆိုက နောက်ဆုံးပဲပေါ့နော်။ အရမ်းလည်း ဖြစ်စေချင်တာ သူ့ အိမ်ကို လာခဲ့ အိုက်တင်တွေလည်း သင်ပေးတယ်။



အရမ်းလက်တွဲခေါ်တယ် ပြီးတော့ ဆိုဆို့ကို သရုပ်ဆောင်အလုပ်မရွေးချယ်ခဲ့တဲ့ အတွက် အရမ်းနှမြောနေတာပါ။ မလုပ်တတ်တာ လည်း မဟုတ်ဘူး၊ ပါရမီလည်းရှိတယ်၊ သရုပ်လည်း ဆောင်တတ်ရဲ့သားနဲ့ ဒီအလုပ် မလုပ်တော့ နှမြောတာပေါ့နော်။



ဒါပေမယ့် အခုတော့ ကိုယ်ရွေးချယ်လိုက်တဲ့ လမ်းကြောင်းမှာ အကောင်းဆုံး ဖြစ်လာဖို့အတွက်ကိုပဲ သူက ပံ့ပိုးပေးတော့တာပေါ့။ အခြေအနေတွေ ကြုံလာတဲ့ အခါ၊ ကမ်းလှမ်းလာတာ မျိုးတွေရှိရင်တော့ သရုပ်ဆောင် လုပ်မှာပါ။ အခုလည်း ကြော်ငြာရိုက်ဖြစ်တာလေးတွေတော့ ရှိပါတယ်” လို့ ပြောပါတယ်။


“ ဆိုဆို က ကိုယ်ယူထားတဲ့ ဘွဲ့တွေကိုလည်း အသုံးချချင်သေးတယ်။ အချိန်ရော၊ လူရော အကျိုးရှိရှိ အသုံးချချင်တယ်။ အနုပညာအလုပ်ကို လုံးဝ မလုပ်တာလည်း မဟုတ်ဘူး။


အမေမွှေးကတော့ ပြောတယ် ရုံးပိတ်ရက်လေးတွေမှာ ကြော်ငြာလေးတွေဖြစ်ဖြစ်၊ ရုပ်ရှင်ကားလေးတွေ ဖြစ်ဖြစ် ရိုက်ပေါ့နော်။ Promote လုပ်ရတာတော့ သိပ်မ ကြိုက်ဘူး။


ဆိုဆို က ငယ်ငယ်ကတည်းက သရုပ်ဆောင်လုပ်ခဲ့တာ ပရိသတ် သိတဲ့သူတွေလည်း ရှိပါတယ်။ ပြီးတော့ ကိုယ်တိုင်က လွတ်လွတ်လပ်လပ်နေချင်တာ ဘတ်စ်ကားတွေ ဘာတွေဆိုလည်း စီးလိုက်တာပဲ။



ဘတ်စ်ကားစီးတော့ Mask တွေလည်း မတပ်ရတဲ့ အချိန်လေ အဲဒီမှာ ကားပေါ်မှာတင် လာမိတ်ဆက်တဲ့သူတွေလည်း ဆုံခဲ့ဖူးတယ်။ အမေမွှေးဆို ဘတ်စ်ကားစီးရင် အရမ်းဆူတာ” လို့ ဆိုလာခဲ့တာဖြစ်ပါတယ်


ဝါဆိုမြင့်အောင်ကတော့ မို့မို့မြင့်အောင် နဲ့ အတိုက်အခံ ဖြစ်ရတဲ့ အကြောင်းကို ပြောပြလာခဲ့တာဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက်ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)

Source – Cele Yatkwat

Photo – ဝါဆိုမြင့်အောင်’s Facebook