ကလေးမွေးဖို့အတွက် စီစဥ်နေပြီဖြစ်ကြောင်း ပြောပြလာတဲ့ အဆိုတော် ဝိုင်းစုခိုင်သိန်း

ပရိသတ်အားပေးမှုအခံရဆုံး အမျိုးသမီးအဆိုတော်တွေထဲမှာတစ်ဦးအပါအဝင်ဖြစ်တဲ့ ဝိုင်းစုခိုင်သိန်းကတော့ ကလေးယူဖို့အတွက် ဆရာဝန်နဲ့ တိုင်ပင်နေပြီလို့ဆိုထားပါတယ်။


ဝိုင်းစုကတော့ ချစ်သူအောင်လကိုယ်တိုင်လည်း ကလေးအရမ်းချစ်တတ်တာကြောင့် ကလေးယူဖို့စိတ်ကူးထားတယ်လို့ဆိုပါတယ်။



ဝိုင်းစုကတော့ “ကလေးယူဖို့စဉ်းတော့စဉ်းစားထားပါတယ် မိသားစုဘဝကို သူကတော့ပိုဖြစ်ချင်တာပေါ့ ဒီထက်ပိုကြီးသွားရင်လည်းကလေးတွေဘာတွေယူမယ်ဆိုရင်မကောင်းဘူးပေါ့နော် ၂ယောက်စလုံးဆရာဝန်တွေဘာတွေလည်းပြထားတယ် ကိုယ်လုပ်မယ့်အလုပ်တွေနဲ့ချိန်နေတာ အမှန်တော့ ချိန်လို့မရတော့ဘူး အသက်အရွယ်ရလာပြီဆိုတော့”



“ကလေးယူဖို့တိုင်ပင်ထားပြီး ကိုဗစ်ဒုတိယလှိုင်းဖြစ်လိုက်တော့ ဆက်ပြလို့မရတော့ဘူး ဘာတွေဆက်လုပ်ရမလဲဆိုတာ အဲ့ဒါပြန်ရပ်သွားတာ ပြန်ဖွင့်တဲ့အချိန်ကျရင်တော့ ပြန်ပြမယ်ပေါ့နော်”


“သူကအရမ်းလိုချင်တယ် ကလေးအရမ်းချစ်တယ် ကလေးတွေအကုန်လုံးချစ်တယ် သူကအရမ်းချစ်တယ် အစ်မကကျတော့အရမ်းတွေးတယ် ကလေးမမွေးခင်ကတည်းကနေ ကျောင်းပြီးတဲ့အထိကိုအစ်မက ဘဏ်ထဲထည်းထားပြီးရှာချင်တာ ကလေးမိဘတိုင်းကိုယ့်လိုတွေးချင်မှတွေးမှာ ဒါတော့ရူးလွန်းအားကြီးတယ်ထင်တယ်



အမေတို့ကတော့ အကုန်လုံးဖြစ်သွားလိမ့်မယ်ပေါ့ ကိုယ်ကစိတ်ပူတတ်တော့ ကလေးသေးသေးလေးဆို စိတ်ပူပြီးဗြောင်းဆန်နေမှာ” လို့ ကလေးယူဖို့စီစဉ်နေပုံကို ပေါ်ပြူလာဂျာနယ်ရဲ့အင်တာဗျူးမှာဖြေဆိုထားတာပါ။



ဝိုင်းစုကတော့ ဒီကာလမှာ အိမ်မှုကိစ္စကအစပိုပြီးလုပ်လာပြီး ရင့်ကျက်လာတယ်လို့လည်းဆိုထားပါတယ်။



“စစချင်းတော့ အစ်မမနိုင်ဘူး အိမ်မှုကိစ္စတွေလုံးဝမသိဘူး တစ်သက်လုံးလည်းဟင်းချက်တတ်မယ်လို့မထင်ထားဘူး အခုအကုန်လုံးပေါ့နော် ရှိရှိသမျှ အစ်မအနေနဲ့သိသင့်သလောက်သိသွားတာပေါ့ အတော်အတတ်ကြီးတော့မဟုတ်ပါဘူး အစ်မအကုန်လုံးလုပ်နိုင်သွားပြီပေါ့ အစကဆို အစ်မကော်ဖီတောင်မဖျော်တတ်ဘူး” လို့ ဒီကာလအတွင်းအိမ်မှာနေရင်းပြောင်းလဲလာပုံလေးတွေကိုပြောပြထားတာပါ။

Writer – LLA ( Shwe Yaung Myanmar )

Photo – Wine Su Khine Thein’s Facebook