ဇာတ်လမ်းတွဲ ရိုက်ဖို့ ကမ်းလှမ်းတာကို ရဲရဲဝင့်ဝင့် ငြင်းဆန်လိုက်တဲ့ နှိုင်းယှဥ်မြင့်မိုရ်

နှိုင်းယှဉ်မြင့်မိုရ်ကတော့ အနုပညာလောကမှာ ဇာတ်ပို့သရုပ်ဆောင်အနေနဲ့ အောင်မြင်နေတဲ့မင်းသမီးလေးတစ်ယောက်ပါနော်။ကျရာ ဇာတ်ရုပ်ကိုပီပြင်စွာ သရုပ်ဆောင်နိုင်ပြီး ပရိသတ်တွေရဲ့အားပေးမှုကို အခိုင်အမာရရှိထားသူပါ။



သရုပ်ဆောင်ကိုဘင်းနဲ့ ရွှေလက်တွဲခဲ့ပြီး ယခုဆိုရင်ချစ်စရာကောင်းတဲ့သားလေးတစ်ယောက်ကိုလည်းပိုင်ဆိုင်ထားပါတယ်နော်။



လက်ရှိမှာတော့ နှိုင်းယှဉ်ကအနုပညာအလုပ်ကို ဆက်လက်လုပ်ကိုင်နေပြီး Online မှာ Live လွှင့်ပြီးစျေးရောင်းတဲ့အလုပ်ကိုလည်း လုပ်ကိုင်နေတာပါ



နှိုင်းယှဉ်မြင့်မိုရ်ကတော့ အလုပ်တွေပိနေတာကြောင့် သူမရိုက်ကူးလက်စ ဇာတ်လမ်းတွဲလေးကိုတောင် ငြင်းဆိုလိုက်ရကြောင်း ပြောလာခဲ့တာဖြစ်ပါတယ်



နှိုင်းယှဉ်မြင့်မိုရ်က “ကိုဗစ်မတိုင်ခင်ကလင်မယားနှစ်ယောက်ရိုက်ထားတဲ့ ရိုက်လက်စ ဇာတ်လမ်းတွဲ ပြန်ရိုက်ရတော့မယ်တဲ့😳😳ရင်နာနာနဲ့ပဲ မရိုက်တော့ဘူးလို့ ရဲရဲဝံ့ဝံ့ ပြောလိုက်တယ်။


သမီးဆိုး တစ်ဖွဲ့လုံးနဲ့ ဒါရိုက်တာညမလေး မယ်မင်းဘုံ အောင်သီရိက ပရိုဂျုဆာအကိုတို့တွေကိုလည်း တောင်းပန်ပါတယ်🙏🙏ဈေးရောင်းရင်း တစ်ဖွဲ့လုံးကို သတိရနေပါ့မယ်😭😭😭” ဆိုပြီး စိတ်မကောင်းစွာ ပြောလာတာပဲဖြစ်ပါတယ်။



နှိုင်းယှဉ်မြင့်မိုရ်ကတော့ ဇာတ်လမ်းတွဲ ရိုက်ဖို့ ကမ်းလှမ်းတာကို ရဲရဲဝင့်ဝင့် ငြင်းဆန်လာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြလို့ကျေးဇူးတင်ပါတယ်နော်

Writer – Magic (Shwe Yaung Myanmar)

Photo – NhyShin’s Facebook