သူတို့ နှစ်ယောက်ကြားက အချစ်ဇာတ်လမ်းကို ပြောပြလာတဲ့ ဂူအောင်း အမျိူးသား

Koh Phangan အမည်ရတဲ့ ထိုင်းနိုင်ငံရှိ လှိုဏ်ဂူအတွင်းမှာနေထိုင်သူ Jatuphum ဆိုသူတစ်ဦးဟာ ရုရှားမလေးတစ်ယောက်ကို သူနေထိုင်ရာလှိုဏ်ဂူကို ဖိတ်ခေါ်ခဲ့ကြောင်း ပို့စ်တင်ပြီးနောက်ပိုင်းမှာ နေ့ချင်းညချင်းအင်တာနက်ဆယ်လီဖြစ်သွားခဲ့ပါတယ်။

ထိုဂူအောင်းလူသားရဲ့အမည်ကတော့ Jatuphum Losiriဖြစ်ပြီး အသက်၄၈နှစ်ရှိပြီလို့သိရပါတယ်။

သူဟာ 7/11 ကုန်စုံဆိုင်တစ်ခုမှစျေးဝယ်နေစဉ် ရုရှားသူလေးတစ်ယောက်ကိုတွေ့ခဲ့ရပြီးနောက် သူမရဲ့အလှကြောင့် သူ့မှာအိမ်မပြန်နိုင်ဖြစ်နေရကြောင်းဆိုကာ သူ့ဂူကိုဖိတ်ခဲ့ကြောင်းဆိုပါတယ်။

သူတင်လိုက်တဲ့ပို့စ်မှာ ရုရှားသူလေးကိုသူ့ဂူဆီလိုက်အောင်လုပ်နည်းတွေကို တစ်ဆင့်ချင်းစီဖော်ပြထားတာပါ။ အစပိုင်းမှာတော့ ရုရှားသူလေးက သူ့နောက်လိုက်ဖို့တွန့်ဆုတ်နေခဲ့ပေမယ့်သူက

” ဒါမင်း ငါ့အကြောင်းသိဖို့နောက်ဆုံးအခွင့်အရေးနော် ငါတို့လှပတဲ့နေရာလေးတစ်ခုမှာ စကားပြောရအောင် သူစိမ်းယောက်ျားတစ်ယောက်ရဲ့ဖိတ်ကြားချက်ကို မင်းကြောက်နေမှာ ငါသိပါတယ် ဒါပေမဲ့ မစိုးရိမ်ပါနဲ့ ငါ့နေရာက သိပ်မခေါင်ပါဘူး မင်းနေရတာအဆင်မပြေရင် လူတွေကိုအော်ဟစ်အကူအညီတောင်းလို့ရတယ်လို့ ဆိုခဲ့တယ်”လို့ သူ့ရဲ့ပို့စ်မှာ ရေးတင်ခဲ့တာပါ။

ဒီပို့စ်ဟာ ခဏချင်း SHAREသူ ၉ထောင်ကျော်သွားခဲ့ပြီး တစ်ချို့ကတော့ ဒါကိုရိုဆန်တယ်လို့ဆိုပေမယ့် တစ်ချို့ကတော့ ကြက်သီးထစရာကောင်းတယ်လို့ဆိုကြပါတယ်။

အဲ့ဒီ့နောက်မှာ သူကနောက်ထပ်ပို့စ်တစ်ခုကိုတင်ခဲ့ပါသေးတယ်။ အဲ့ဒါကတော့ “ညကဘယ်လိုပဲပင်ပန်းခဲ့ ပင်ပန်းခဲ့ မနက်က၆နာရီဆို အလိုလိုနိုးနေတာပဲ ကျွန်တော်ကော်ဖီဖျော်ပြီးတရားထိုင်နေတုန်း တစ်စုံတစ်ယောက်ကတော့ အိပ်ပျော်နေဆဲပဲ” လို့ရေးတင်ခဲ့တာပဲဖြစ်ပါတယ်။


ထိုင်းအမျိုးသားတွေကတော့သူ့ရဲ့တော်ကီကောင်းမှုကိုလေးစားနေကြပြီး တစ်ချို့ကတော့ဒါမျိုးတင်တာ တစ်ဖက်အမျိုးသမီးရဲ့ခွင့်ပြုချက်ကိုရော ယူခဲ့လားဆိုတဲ့မေးခွန်းတွေနဲ့ဝေဖန်ခဲ့ကြပါတယ်။

သူဟာ ဂူတွင်းနေထိုင်သူဖြစ်ပေမယ့် မီဒီယာတွေလာရောက်မေးမြန်းတဲ့အခါ ရှက်ရွံခြင်းကြာက်လန့်ခြင်းမရှိ သူ့အခြေအနေကိုဖြေဆိုခဲ့တယ်လို့သိရပါတယ်။

သူ့ကိုလာရောက်စုံစမ်းတဲ့အနောက်တိုင်းအမျိုးသမီးတွေတဲ့တွဲခုပ်ဖူးပေမယ့် ထိုင်းအမျိုးသမီးတွေနဲ့တော့ မတွဲရတာကြာပြီလို့ဆိုထားပါတယ်။

သူ့ကို ရုရှားမလေးနဲ့ဘယ်လိုဆက်ဖြစ်သွားလဲလို့မေးရာမှာတော့”ကျွန်တော်သူ့ကိုနမ်းခွင့်တောင်းခဲ့တယ် သူကငြင်းခဲ့ပါတယ်” လို့ဆိုထားပါတယ်။

ရွှေရောင်လမ်း ( Writer – LLA )
Photo: The Cave Man 2018
Source: coconuts