အိမ်ထောင် မပြုချင်ပေမယ့်၊ ကလေးအရမ်း လိုချင်လို့ ကြံကြံဖန်ဖန် နည်းလမ်း အသုံးပြုလိုက်တဲ့ အမျိုးသား

အခုခေတ်မှာ လူရွယ်တော်တော်များများဟာ အချစ်ရေးထက်ပညာရေးကိုဦးစားပေးလာပြီးနောက် လုပ်ငန်းအတည်တကျရှိလာပြီးတဲ့အချိန်မှာလည်း တစ်ယောက်တည်းနေလာဖို့ရွေးချယ်တဲ့သူတွေလည်း မနည်းမနောပါပဲ။

ချစ်ရသူနဲ့အတူ အိမ်ထောင်ပြုပြီး ကလေးလေးတွေမွေးဖွားကာ မိသားစုဘဝလေးကိုတည်ဆောက်ဖို့စိတ်ကူးအိပ်မက်သူတွေရှိကြသလိုပဲ တစ်ကိုယ်တည်းနေထိုင်ပြီး အိမ်ထောင်မပြုဘဲ ကလေးပဲလိုချင်သူများလည်းရှိကြပါတယ်။

၂၀၂၀ခုနှစ်မှာ စစ်တမ်းကောက်ချက်အရ တစ်ကိုယ်တည်းနေထိုင်ပြီး ကလေးပဲလိုချင်ကြတဲ့ Single parent ရာခိုင်နှုန်း ၄၅% ရှိတယ်လို့သိရပါတယ်။

ကနေဒါနိုင်ငံသားတစ်ဦးဖြစ်တဲ့ နေသန်ချန်ဆိုတဲ့အမျိုးသားတစ်ဦးကတော့ လူပျိုတစ်ဦးဖြစ်ပေမယ့် ကလေးလိုချင်တဲ့အတွက် ၈နှစ်ကြာကြိုးစားခဲ့ရတယ်လို့သိရပါတယ်။

မိသားစုဘဝလေးကိုတည်ဆောက်ချင်ပေမယ့် အိမ်ထောင်မပြုချင်တဲ့ နေသချန်ဟာ ကလေးမွေးစားဖို့အေဂျင်စီတွေမှာ လျှောက်လွှာဖြည့်ခဲ့ပေမယ့် အဆင်မပြေလှပါဘူး။

အခက်အခဲတွေအများကြီးကြုံခဲ့ရပေမယ့် လက်မလျှော့တဲ့ချန်ဟာနောက်ဆုံးမှာတော့ အငှားကိုယ်ဝန်ဆောင်တဲ့နည်းလမ်းကိုသုံးပြီး ကလေးရအောင်ကြိုးစားခဲ့ပါတယ်။

ဒါပေမဲ့လည်း ချန်တစ်ယောက် သူများတွေလိုတစ်ခါတည်းအဆင်မပြေခဲ့ပါဘူး။

ကလေးပျက်ကျတာတွေကိုလည်း ကြုံတွေ့ခဲ့ရပြီး ဒေါ်လာ ၂၅၀၀၀၀ ကုန်ကျပြီးနောက်မှာ သူ့ရင်သွေး သမီးလေးကို သူပိုင်ဆိုင်ခဲ့ရပြီဖြစ်ပါတယ်။

ချန်လိုပဲ အိမ်ထောင်မပြုချင်ဘဲ မိသားစုဘဝကိုလိုချင်နဲ့အမျိုးသားတွေဟာ ကလေးတွေမွေးစားပြီး သားသမီးနဲ့မခြားစောင့်ရှောက်တာကို အနောက်နိုင်ငံများမှာ ပိုပြီးတွေ့မြင်ရပါတယ်။

ချန်ကတော့ သမီးလေးရပြီဖြစ်လို့ပျော်ရွှင်နေပြီး သူ့သမီးလေးကို မိစုံဖစုံရှိတဲ့မိသားစုထက် သူပိုစောင့်ရှောက်ပေးရမယ်လို့ ဆိုထားပါတယ်။

ရွှေရောင်လမ်း ( Writer – LLA )
Photo – Original