
မြွေတွေဟာ ရာသီဥတုပူလာတဲ့အခါ မြောင်းကြိုမြောင်းကြားတွေကြားဝင်ရောက်နေထိုင်လေ့ရှိကြပါတယ်။ ဒီထက်ပိုဆိုးတာကတော့ အိမ်သာခွက်တွေထဲကို ဝင်ရောက်ကြတာပါပဲ။
အန္တရာယ်များတဲ့မြွေတွေဖြစ်ကြတဲ့ မြွေဟောက် မြွေပွေး လင်းမြွေအစရှိတဲ့မြွေတွေဝင်ခွေနေတာကိုသတိမထားမိလိုက်ရင် တော်တော်လေးကိုအန္တရာယ်ကြီးနိုင်ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့မှာနေထိုင်တဲ့အမျိုးသားတစ်ဦးကတော့ သူကြုံတွေ့ရတဲ့အဖြစ်အပျက်ကို အင်တာနက်စာမျက်နှာကနေတစ်ဆင့်မျှဝေခဲ့ပါတယ်။
ထိုအမျိုးသားဟာ ကားဂိုဒေါင်နားကအိမ်သာကိုဝင်သွားတဲ့အခိုက်မှာ အိမ်သာခွက်ထဲမှာ ဝပ်နေတဲ့မြွေဟောက်ကြီးကိုမြင်လိုက်ရပြီး ထိတ်လန့်သွားခဲ့တယ်လို့သိရပါတယ်။
ဒီလိုအဖြစ်အပျက်မျိုးကို သြစတြေးလျ နော်ဝေး တက်ဆာ ကလီဖိုးနီးယား စတဲ့အနောက်နိုင်ငံကကြုံတွေ့ရသူတွေလည်းကြုံတွေ့ခဲ့ရပြီး သူတို့ကြုံတွေ့ရတဲ့အဖြစ်အပျက်များကို အင်တာနက်စာမျက်နှာကနေမျှဝေခဲ့ပါတယ်။
အဆိပ်ရှိသည်ဖြစ်စေ မရှိသည်ဖြစ်စေ အိမ်သာခွက်ထဲမြွေရောက်နေပြီဆိုတာနဲ့ အနည်းနဲ့အများတော့အန္တရာယ်ရှိနေပြီဖြစ်လို့ အရာရာကိုသတိနဲ့လုပ်ဆောင်ဖို့ ဒီအဖြစ်အပျက်လေးက သတိပေးထားတာပဖြစ်ဖြစ်ပါတယ်။
အင်တာနက်သုံးစွဲသူတစ်ချို့ကတော့ အိမ်သာမတတ်ခင်ရေဆွဲချလိုက်ပြီးမှတတ်တာဟာ အန္တရာယ်အကင်းဆုံးနည်းလမ်းဖြစ်တယ်လို့ဆိုထားပါတယ်။
ရွှေရောင်လမ်း ( Writer – LLA )
Photo – Original / worldofbuzz