ဆေးရုံတက်််တာ ၁၀ ရက်အထိ မဆင်းပဲ ဝေဒနာခံစားနေရပြီး နေ့တိုင်းငိုနေရတဲ့ ကိုယ်ဝန်လွယ်ထားရတဲ့ မေထွဋ်ခေါင်ရဲ့အဖြစ်ကို ပြောပြလာတဲ့ မေထွဋ်ခေါင်ရဲ့ခင်ပွန်း

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းပြီး သဘာဝဇာတ်ရုပ်တွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ သရုပ်ဆောင်မင်းသမီးချော မေထွဋ်ခေါင်ကိုတော့ ပရိသတ်တွေ တစ်ခဲနက် အားပေးချစ်ခင်နေကြမှာပါနော်..။


မေထွဋ်ခေါင်ကတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်အဖြစ် ရပ်တည်နေပြီး ပရိသတ်အချစ်တွေအခိုင်အမာရရှိထားသလို သားသားမီးမီးလေးတွေနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ကာတယ်နော်..။


လတ်တလောမှာတော့ သရုပ်ဆောင်မေထွဋ်ခေါင်ဟာ တတိယကိုယ်၀န်ကိုလွယ်ထား ရပြီး လမစေ့ပဲ ရေမွှာပေါက်သလို ဖြစ်ကာ ကလေးမမွေးနိုင်တာကြောင့် ဆေးရုံတက်နေရတဲ့ အကြောင်းကို ခင်ပွန်ဖြစ်သူက ဒီဇင်ဘာ(၂၉)ရက် ညပိုင်းက လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ကနေ အသိပေးရေးထားပါတယ်။


ဆေးရုံတက်နေရတာ ဆယ်ရက်ရှိပြီလို့လည်း သိရပြီးမေထွဋ်ခေါင်ဟာ လမစေ့ပဲ ရေမွှာပေါက်သလိုဖြစ်တာကြောင့် ရေတွေသွန်နေလို့ ကလေး မွေးလို့လည်း မရဘူးလို့ သူ့ရဲ့ ခင်ပွန်း​ဖြစ်သူ က Comment မှာ အသိပေးထားပါတယ်။


အချင်းကလည်း မွေးလမ်းကြောင်းမှာ ပိတ်နေတာကြောင့် ကလေးကရိုးရိုးလည်း မထွက်နိုင်ဖြစ်နေတာ လို့ ခင်ပွန်းဖြစ်သူက ပရိသတ်တွေကို ပြောပြထားတာပါ။


ဆက်လက်ပြီးတော့လည်း စိတ်ပူပြီး လူနာသတင်းမေးကြတဲ့သူတွေကို “သတင်းမေးကြတဲ့ သူတွေအားလုံးကျေးဇူးတင်ပါတယ်။ သတင်းမေးချင်ရဲ့ Caesar Nyi Nyi အကောင့်ကိုမေးပေးကျပါ။ သတင်းတစ်ခါမေးတိုင်း ကျွန်တော့်အမျိုးသမီး တစ်ခါငိုငိုနေတာတွေ့ပြီး စိတ်မကောင်းလို့ပါ။

သူအရမ်းလည်း ပင်ပန်းနေလို့ပါ။ ဆေးရုံရောက်တာ ဒီနေ့နဲ့ဆိုရင်(၁၀)ရက်ရှိပါပြီ။ အခုထိမဆင်းရသေးပါဘူး။ မေးချင်ရင် ကျွန်တော့် အကောင့်ကိုမေးပေးကြပါ” လို့ ခင်ပွန်းဖြစ်သူက မေထွဋ်ခေါင်ရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ရေးသားထားတာ ဖြစ်ပါတယ်။


ပရိသတ်တွေကတော့ မေထွဋ်ခေါင်ရဲ့ ကျန်းမာရေးကို စိတ်ပူနေကြသလို အမြန်ဆုံး ပြန်လည်ကျန်းမာဖို့ ဆုတောင်းပေးနေကြတာလည်း တွေ့ရပါတယ် မေထွဋ်ခေါင်တယောက် အမြန်ဆုံးနေကောင်းလာပါစေလို့ ဆုတောင်းပေးလိုက်ရပါတယ်နော်

Writer Magic(Shwe Yaung Myanmar)