သူမရဲ့ တတိယမြောက်သားလေး ဆုံးပါးသွားပြီ​ဖြစ်ကြောင်း ကြေကွဲစွာနဲ့ပြောပြလာတဲ့ မေထွဋ်ခေါင်

ပရိသတ်ကြီးရေ.. သရုပ်ဆောင်ကောင်းပြီး သဘာဝဇာတ်ရုပ်တွေနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူးထားတဲ့ သရုပ်ဆောင်မင်းသမီးချော မေထွဋ်ခေါင်ကိုတော့ ပရိသတ်တွေ တစ်ခဲနက် အားပေးချစ်ခင်နေကြမှာပါနော်..။



မေထွဋ်ခေါင်ကတော့ အောင်မြင်ကျော်ကြားတဲ့အနုပညာရှင်အဖြစ် ရပ်တည်နေပြီး ပရိသတ်အချစ်တွေအခိုင်အမာရရှိထားသလို သားသားမီးမီးလေးတွေနဲ့အတူ ကြည်နူးအားကျစရာ မိသားစုဘဝလေးကိုလည်း ပိုင်ဆိုင်ဖြတ်သန်းနေသူပဲ ဖြစ်ကာတယ်နော်..။



လတ်တလောမှာတော့ သရုပ်ဆောင်မေထွဋ်ခေါင်ဟာ တတိယကိုယ်၀န်ကိုလွယ်ထား ရပြီး လမစေ့ပဲ ရေမွှာပေါက်သလို ဖြစ်ကာ ကလေးမမွေးနိုင်တာကြောင့် ဆေးရုံတက်နေခဲ့ရတာပါ



မေထွဋ်ခေါင်က ဒီကနေ့မှာတော့ သူမရဲ့ ဗိုက်ထဲမှာ လွယ်ဆောင်ထားတဲ့ တတိယမြောက်သားလေးကို လက်လွှတ်ဆုံးရှုံးလိုက်ရပြီဖြစ်ကြောင်း “ဗိုက်ထဲက သားလေးဆုံးသွားပါပြီ…” ဆိုပြီး စိတ်ထိခိုက်ကြေကွဲခြင်းများစွာနဲ့ အသိပေးလာခဲ့ပါတယ်။



မေထွဋ်ခေါင်က လမစေ့ပဲ ရေမွှာပေါက်သလိုဖြစ်ပြီး ရေတွေသွန်နေလို့ မွေးလို့လည်းမရ၊ အချင်းကလည်း မွေးလမ်းကြောင်းပိတ်နေတော့ ကလေးက ရိုးရိုးလည်းမထွက်နိုင်ဖြစ်နေတာကြောင့် နောက်ဆုံးမှာ ကလေးလေးက ဆုံးပါးသွားခဲ့ရတယ်လို့ သူမရဲ့ အမျိုးသား ကိုဆီဇာညီညီက ခင်မင်ရင်းနှီးသူတွေကို ပြောပြထားပါတယ်။



ပရိသတ်တွေကတော့ မေထွဋ်ခေါင်ရဲ့ ကျန်းမာရေးကို စိတ်ပူနေကြသလို ဆုံးပါးသွားခဲ့တဲ့ ​မေထွဋ်ခေါင်ရဲ့ သားလေးအတွက် ဝမ်းနည်းနေခဲ့ကြတာဖြစ်ပါတယ်နော်

Writer Magic(Shwe Yaung Myanmar)