LIVE SALE ရောင်းခဲ့ရတဲ့အတွက် ပရိသတ်တွေအကုန်လုံးကို တောင်းပန်လာတဲ့ ခင်ရတနာစိုး

The Voice Myanmar ပြိုင်ပွဲဝင်တစ်ယောက်ဖြစ်တဲ့ ခင်ရတနာစိုးကတော့ သူမရဲ့Fanတွေဟာ တန်ဖိုးမဖြတ်နိုင်ဆုံးအရာဖြစ်သလို သူမ ဘာပဲလုပ်လုပ်တတ်နိုင်တဲ့ဘက်က ဝန်းရံပေးကြပြီး အခုဆို အနုပညာလောကထဲစဝင်ကာစအချိန်လေးမှာ အရမ်းစိတ်ချမ်းသာအောင်လုပ်ပေးကြပြန်တယ်လို့ ဆိုလာပါတယ် ။


သူမ live sale စလုပ်တော့လည်း မလုပ်တတ်သေးတဲ့အရာလေးတွေကို တစ်ခုခြင်းဆီထောက်ပြ ဝေဖန်ပေးခဲ့ကြတဲ့အကြောင်းကိုလည်းပြောပြလာခဲ့ပါတယ် ။


အရှေ့မှ ာlive saleနဲ့အောင်မြင်ကျော်ကြားနေတဲ့ နိုင်ငံကျော် အနုပညာရှင်တွေကိုလဲလေ့လာပါဆိုပြီး အမြဲလာပြောပေးတတ်ကြတယ် ။ Live saleလုပ်နေတော့လဲ live မပြီးမချင်းမအိပ်ကြဘူး တစ်ခုခုဆို commentကျော်သွားမှာစိုးလို့ သူတို့လေးတွေပါ မအိပ်ကြဘူး ဝိုင်းupပေးကြတယ်လို့ သူမဖန်တွေရဲ့ ချစ်စရာကောင်းပုံလေးကိုလည်း ပြောပြခဲ့ပါသေးတယ် ။


ဒါပေမယ့် ညီမကိုlive saleလုပ်တာ မကြိုက်တဲ့ညီမရဲ့Fanတွေကိုလည်း တောင်းပန်ပါရစေ ညီမသီချင်းလေးတွေ လုပ်ဖို့ ညီမမေမေ့ကိုပိုက်ဆံပြန်ပေးနိုင်ဖို့က လတ်တလောဒီအလုပ်လေးတွေပဲရှိလို့ညီမကိုခဏသည်းခံပေးပါ ဆိုတဲ့စာသားလေးနဲ့လည်း ပရိသတ်တွေကို တောင်းပန်စကားဆိုခဲ့ပါသေးတယ် ။

သူမကိုယ်တိုင်လည်း ဒီအလုပ်ကိုဝါသနာလဲပါတဲ့အပြင် သူမရှေ့ကိုလျှောက်ဖို့ အတွက်ခွန်အားတွေဖြစ်စေပါတယ်လို့လည်းရေးသားထားပါသေးတယ် ။ ညီမပိုကြိုးစားနေပါတယ် ညီမဘယ်တော့မှမနားပါဘူး စိတ်ချပါ လို့လည်း ပရိသတ်တွေကို ကတိစကားဆိုခဲ့တာပဲဖြစ်ပါတယ် ။

Writer – Magic(Shwe Yaung Myanmar)

Photo – Khin Yadanar Soe’s Facebook