တစ်ညလုံးမအိပ်ဘဲ အပင်ပန်းခံပြီး ထိုးထားတဲ့ ပန်းပလ္လင်ကြီးနဲ့ မြတ်စွာဘုရားကို ပူဇော်နေတဲ့ ပိုးအိအိခန့်

သရုပ်ဆောင် မင်းသမီးချော ပိုးအိအိခန့်ကတော့ နိုင်ငံကျော် ဘောလုံးကစားသမား အောင်သူနဲ့အတူ နှစ်ယောက်တစ်ဘဝတည်ဆောက်ထားတာပဲ ဖြစ်ပါတယ်။



ပြည်သူချစ်အနုပညာရှင်ဖြစ်တဲ့ သူမတို့နှစ်ဦးက ချစ်စရာကောင်းတဲ့ သားသားလေး သဲကိုးကိုလည်း မွေးဖွားထားတာပဲ ဖြစ်ပါတယ်။ ယခုဆိုရင် သားသားလေး သဲကိုးက ၁နှစ်ကျော် အရွယ်ရှိနေပြီလည်း ဖြစ်ပါတယ်။



အေးအေးချမ်းချမ်းနေထိုင်တတ်တဲ့ ပိုးအိအိခန့်ကတော့ ဘာသာရေးကိုင်းရှိုင်းပြီး ဘုရားတရားလိုက်စားသူလေးလည်း ဖြစ်ပါတယ် ။



ဒါကြောင့် ပိုးအိအိခန့်က အခုလည်း နှစ်သစ်မှာ အိမ်ကမြတ်စွာဘုရားကို ပန်းပလ္လင်နဲ့ပူဇော်နိုင်ဖို့ တစ်ညလုံးအပင်ပန်းခံပြီး ပန်းထိုးခဲ့တာ ဖြစ်ပါတယ် ။



ဒီအကြောင်းကို ပိုးအိအိခန့်က “ကျွန်မရဲ့ New Year (2021) ကို ကြိုဆိုပုံ(၂၀၂၁)ကို တစ်ခါမှမလုပ်ဖူးတဲ့ ကောင်းမှု ကုသိုလ်တစ်ခုနဲ့ ဖြတ်သန်းချင်လို့ အိမ်က မြတ်စွာဘုရားကို ပန်းပလ္လင်နဲ့ ပူဇော်ဖို့ ည(၈)နာရီထဲက စထိုးကြတာ အခုမနက် (၃) နာရီခွဲမှ ပြီးသွားတယ်”



“ဒီလိုမျိုးလည်း တစ်ခါမှ မထိုးဖူးဘူး ဆရာမကြီးလည်း မဟုတ်လို့ အရမ်း သပ်သပ်ရပ်ရပ်ကြီး မဟုတ်ပေမယ့် ပုံလေးပေါ်လာလို့ ဝမ်းလည်းဝမ်းသာတယ် ကြည်လည်း ကြည်နူးရတယ် ဝယ်လာတဲ့ ပန်း ၊ ဝယ်လာတဲ့ ဖော့တုံး အားလုံး ကွက်တိ ဖြစ်တာလည်း ဝမ်းသာခြင်းတစ်မျိုးပဲ မြတ်စွာဘုရားကိုကပ်ချင်တဲ့ စေတနာသဒ္ဒါလေးနဲ့မို့ မကြီးရေ L Mon Soo သမီးတို့နှစ်ယောက် ဒီလိုပုံလေး ဖြစ်လာတာတောင် ကျေးဇူးတင်ရမယ်နော် မကြီးကိုလည်းကျေးဇူးတင်တယ်နော်



ဝိုင်းကူစဉ်းစားပြီး အတူတူကူထိုးပေးတာ မကြီးအကူအညီမပါရင်လည်း ဒီလိုမျိုး ဖြစ်မလာဘူးဆရာကြီးကို အားကိုးရတာတွေလည်းအများကြီးပါ ” ဆိုပြီး ပြောပြထားတာ ဖြစ်ပါတယ် ။ ပရိသတ်ကြီး သာဓုခေါဆိုနိုင်စေဖို့ တင်ဆက်ပေးလိုက်ရပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Poe Ei Ei Khant’s Facebook