အသက် ၂ လ အရွယ်လေးနဲ့ လမ်းထလျှောက်လို့ မိဘတွေ အံ့သြခဲ့ရတဲ့ ကလေးငယ်

ကလေးငယ်တွေဟာ ၁၀လကျော် ၁နှစ်သားလောက်မှ လမ်းလျှောက်တတ်ကြတာဖြစ်ပြီး ဒါတောင် ဟန်ချက်ညီညီလမ်းလျှောက်တတ်ဖို့ ဘေးကကူထိန်းပေးဖို့လိုအပ်ပါသေးတယ်။

၈လအရွယ်လောက်မှာ မတ်တပ်ရပ်နိုင်ရင်တောင် ဒီကလေးကိုတော်တော်သန်စွမ်းတယ်လို့ သတ်မှတ်လို့ရပါတယ်။ ဒါပေမဲ့ အင်္ဂလန်နိုင်ငံမှာနေထိုင်တဲ့လင်မယား၂ယောက်ကတော့ ၂လအရွယ်ကတည်းက မတ်တပ်ရပ်နေတဲ့ သမီးလေးကြောင့် အံ့သြခဲ့ရပါတယ်။

Bristol မြို့မှာနေထိုင်တဲ့ Tezra Finn-Johnston နဲ့ Emily Derrick တို့ဇနီးမောင်နှံရဲ့ သမီးငယ်လေး Luka ဟာ ၈ပတ်အရွယ်ကတည်းက မတ်တပ်ရပ်နိုင်ခဲ့ပြီး ၁၅ပတ်အရွယ်မှာတော့ မည်သူတစ်ဦးတစ်ယောက်ရဲ့အကူအညီကိုမျှမယူဘဲ မတ်မတ်ရပ်နိုင်နေပြီးလို့သိရပါတယ်။

ဖခင် Tezra ကတော့သမီးဖြစ်သူဟာလသားအရွယ်ကတည်းက ပေါင်ပေါ်တင်ချိန်မှာတောင်ခြေထောက်ကိုမကွေးဘဲ မတ်တပ်ရပ်ဖို့ကြိုးစားတာကြောင့် “Luka ဟာ သူမကြည့်နေကျ လူစွမ်းကောင်းဗီဒီယိုတွေကနေအတုယူထားပုံပဲလို့နောက်ပြောင်ထားပါတယ်။

ဖခင် Tezra ကတော့ သမီးငယ် Luka လေးဟာ ဆေရုံကဆင်းကတည်းက တခြားကလေးတွေနဲ့မတူဘဲ ခေါင်းအနည်းငယ်ထောင်နိုင်နေပြီဖြစ်တယ်လို့ဆိုခဲ့ပြီး မိခင် Emily ကလည်း သမီးငယ်က ၂လသားနဲ့ လမ်းလျှောက်တတ်နေပြီတော့ သူ့အတွက်ပွေ့ချီဖို့အချိန်နည်းသွားပြီလို့ဆိုခဲ့ပါတယ်။

ကလေးငယ်တွေဟာ သူတို့ရဲ့ခြေလက်တွေ ဝမ်းဗိုက်နဲ့ တင်ပါးနေရာတွေမှာရှိတဲ့ကြွက်သားတွေရဲ့သန်မာမှုအပေါ်မူတည်ပြီး မတ်တပ်ရပ်နိုင်ကြတာပဲဖြစ်ပါတယ်။

ဒီကြွက်သားလေးတွေကောင်းကောင်းမွန်မွန်မသန်မာခင်မှာတော့ သူတို့ဟာ လှိမ့်ခြင်း တွားသွားခြင်း စတာတွေကိုပဲပြုလုပ်နိုင်ကြပါသေးတယ်။

ဒါကြောင့် ၂လသားအရွယ်မှာ လမ်းလျှောက်နိုင်တဲ့ Luka လေးရဲ့သန်စွမ်းပုံကတော့ အံသြစရာကောင်းတယ်လို့ဆိုရမှာပါပဲ။

ရွှေရောင်လမ်း ( Writer- LLA )

Photo – Emily Derrick / SWNS