နှစ်သစ်မှာ ထီဆုကြီး ဆွတ်ခူးသွားတဲ့အကြောင်း ပရိသတ်ကို အသိပေးလာတဲ့ ဘုန်းလျှံ

ရုပ်ရှင်သရုပ်ဆောင်ဘုန်းလျှံကတော့ အနုပညာလောကထဲကို ပြန်လည်ဝင်ရောက်လာခဲ့ပြီး ချစ်ရတဲ့မိန်းကလေးနဲ့လည်း နှစ်ကိုယ်တူဘဝလေးကို တည်ဆောက်လိုက်တာဖြစ်ပါတယ်။



ဘုန်းလျှံက မင်းသားချောခန့်စည်သူတို့နဲ့အတူ လုပ်အားဒါန၊ငွေကြေးဒါနပါဝင်ပြီး အလှူအတန်းတွေလုပ်ဆောင်နေတာဖြစ်ပါတယ်နော်။ဘုန်းလျှံတို့ဇနီးမောင်နှံနှစ်ယောက်က ကိုယ်ပိုင်စီးပွားရေးလေးဖြစ်တဲ့ စားသောက်ကုန်လုပ်ငန်းကိုလည်း တွင်ကျယ်အောင် ကြိုးစားနေတာဖြစ်ပါတယ်။



ဘုန်းလျှံတို့ဇနီးမောင်နှံက စီးပွားရေးကို တက်ညီလက်ညီလုပ်ဆောင်ကြပြီး မောင်တစ်ထမ်း၊မယ်တစ်ရွက်လိုပုံစံမျိုး အပြန်အလှန်ဖေးမကူညီကြတာဖြစ်ပါတယ်။



ဘုန်းလျှံတို့ကတော့ အခုလိုကိုဗစ်ကာလမှာ ဒီအတိုင်းထိုင်မနေဘဲ တစ်နိုင်တစ်ပိုင်စီးပွားရေးလေးကို စတင်လိုက်တာဖြစ်ပါတယ်နော်။ 



အခုဆိုရင်လည်း ဘုန်းလျှံတို့ဇနီးမောင်နှံဟာ New Yearကို stay cationသွားရောက်ရင်းဟိုတယ်မှာအပန်းဖြေနေကြတာဖြစ်ပါတယ်။



အပန်းဖြေအနားယူကြရင်း ဘုန်းလျှံတို့ဇနီးမောင်နှံဟာ နှစ်သစ်မှာ ထီဆုကံထူးခဲ့တာဖြစ်ပြီး မကြာသေးမီက ဘုန်းလျှံဟာသူ့ရဲ့ Facebookစာမျက်နှာမှာ “Happy new year Lucky 2021..နှစ်သစ်ရဲ့ ပထမဆုံးနေ့မှာ ကျွန်တော်တို့ ထီဆု အသေးပေါက် တယ်ဗျာ။ 2021ရဲ့ ကံကောင်းခြင်းတွေစပီဗျာ..” ဆိုပြီးရေးသားထားပါတယ်။


ဘုန်းလျှံကတော့ နှစ်သစ်မှာ ထီဆုကြီး ဆွတ်ခူးသွားတဲ့အကြောင်း ပရိသတ်ကို အသိပေးလာခဲ့တာပဲဖြစ်ပါတယ်နော် အဆုံးထိဖတ်ရှုပေးကြတဲ့အတွက် ကျေးဇူးတင်ပါတယ်နော်

Writer – Magic(Shwe Yaung Myanmar)

Photo Credit – Phone Hlyan’s Facebook